အခန်း (၅) : သူ့အား တားဆီးထားသည့် အရာများ
အလုပ်ခေါ်စာ ရုံးဝန်ထမ်းသည် အဘယ်ကြောင့် မှင်သက်သွားလဲဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဘေးဝန်းကျင်မှ လူများသည်လည်း မိုဝူကျီက အကူဆေးဖော်စပ်သူလျှောက်သည့် ကိစ္စကို ကြား၍ လန့်ဖြတ်သွားသည်ကလည်း အံ့သြစရာ မဟုတ်တော့ပေ။
ယောင်ကျိုးမြို့သည် ချင်ယွီပြည်နယ်၏ မြို့တော်ဖြစ်သော်လည်း အကူဆေးဖော်စပ်သူသည် နည်းလှပြီး ဆေးဖော်စပ်သူသည် ပို၍ နည်းပါး၏။
ဆေးဖော်စပ်သူ အကူလက်ထောက် များသည် အများအားဖြင့် အသက်ရွယ်ကြီးသော အမျိုးသားများဖြစ်ကြ၏။ ထို့ကြောင့် မိုဝူကျီကဲ့သို့ ငယ်ရွယ်သည့် အကူဆေးဖော်စပ်သူသည် အလွန်တရာ ရှားပါးလှသည်။ ချင်ယွီပြည်နယ်မှာသာလျှင် မဟုတ်ပေ.... ရှင်းဟန်အင်ပါယာတစ်ခုလုံးတွင် ဖြစ်၏။ ထိုသို့ ငယ်ရွယ်သည့် ဆေးဖော်စပ်သူသည် အလားလာကောင်းပြီး မှန်းဆမရသည့် အနာဂတ်ကို ပိုင်ဆိုင်လေသည်။ မိုဝူကျီကဲ့သို့ ငယ်ရွယ်သည့် အကူဆေးဖော်စပ်သူသည် ဆယ်စုနှစ်အနည်းငယ်ကြာသည်နှင့် ကြားတွင် တစ်ခုခုမဖြစ်ပျက်ခဲ့ပါက သေချာပေါက် ဆေးဖော်စပ်သူ ဖြစ်လာလိမ့်မည်။
ဆေးဖော်စပ်သူ အရည်ချင်းအသိမှတ်ပြု မူရင်းမိတ္တူတဲ့လား.... မိုဝူကျီ၏ နှလုံးသားသည် လုံးလုံး နစ်မြှပ်သွားလေပြီ..... ထိုအရာကို ဘယ်နေရာမှာ ရနိုင်တာလဲ....
သူသည် မသိစိတ်ဖြင့် တုန်လှုပ်အံ့အာသင့်နေသည့် လူထုကြီးကို ကြည့်မိလိုက်ပြီး နောက်ဆုံးတွင် နားလည်သွားခဲ့သည် "အဟမ်းဟမ်း...." မိုဝူကျီသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ ဆက်၍ ပြောလိုက်သည် "အကူဆေးဖော်စပ်သူ စာမေးပွဲကို ဖြေဖို့ အချိန်မရလိုက်လို့.....ဒါပေမဲ့ အဆင့်တစ်ခုတော့ ရောက်နေပါပြီ...."
မိုဝူကျီသည် လူထု၏ အကြည့်များ ပြောင်းလဲသွားကြောင်း ခံစားမိ၏။
အလုပ်ခေါ်စာ ရုံးဝန်ထမ်းသည် နေသားကျသွားပြီး သူမမျက်နှာပေါ်မှ သိချင်စိတ်များနေသည့်ပုံသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီ။ သူမသည် ဒေါသမထွက်ပေ။ ထို့အစား တည်ငြိမ်စွာ မေးလိုက်သည် "အဲဆို ဘယ်ဆေးဖော်စပ်တဲ့ကျောင်းက အောင်မြင်လာတာလဲ.... ရှင့်ဆရာက ဆေးဖော်စပ်သူ ဘယ်သူလဲ...."
أنت تقرأ
လူသားသစ်စာ (Zawgyi version) (1 - 200)
الخيال (فانتازيا)This is translation of Immortal mortal .... All credit given to original author and translator Otiginal Author : Goose Five Translator : Kyiphyu ဝိညာဉ်ကြောမရှိလျှင် မကျင့်ကြံနိုင်သည့် လောကတွင် မိုဝူကျီတစ်ယောက် ဘယ်လို ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ရမလဲ...