chapter 151

584 95 0
                                    


အခန်း (၁၅၁) :  အဆုံးမဲ့ဝိညာဉ်နှောင်ဖွဲ့ကျောက်က ဘာလဲ

"ဖွားဖွားက ရှင်တို့နှစ်ယောက်လုံး  ဝင်ခဲ့ပါတဲ့..." နောက်ဆုံးတွင် ထိုမိန်းကလေး နှစ်ယောက်က ပြိုင်တူ မပြောတော့ပေ။ လက်ဝဲဘက်တွင် ရှိနေသော မိန်းကလေးက မိုဝူကျီကို ပြောလိုက်သည်။

သူမကို ကျေးဇူးတင်ပြီးနောက် မိုဝူကျီက ယန်အာကို ဆွဲ၍ အခန်းထဲသို့ ဝင်လိုက်သည်။

အခန်းအထဲသို့ ရောက်သည်နှင့် ဆေးပင်များ တူးနံ့က မိုဝူကျီ  နှာခေါင်းထဲ ရောက်ရှိလာသည်။ ထိုသည်က သူ့အား ပို၍ စိုးရိမ်စေမိသည်။ သူ့လက်ရှိ ဆေးဖော်စပ်သည့် အဆင့်ဖြင့် သူက ဆေးဖော်စပ်နေစဉ်အတွင်း ဆေးပင်များကို  တူးစေမည် မဟုတ်ပေ။ သို့သော် ဖွားဖွားလင်းလောင်က အမှန်ပင် ဆေးပင်အချို့ကို တူးစေခဲ့ရာ သူမက တခြားသူများ ညွှန်းဆိုသကဲ့သို့ အထင်ကြီးစရာကောင်းသည့် ပုဂ္ဂိုလ် ဟုတ်ပါ့မလား....

ထို့နောက်တွင် ဧရာမ မီးပြင်းဖိုနောက်မှ အမျိုးသမီးက ထွက်ပေါ်လာသည်။ သူမက အများဆုံး အသက်သုံးဆယ်လောက်သာ ရှိပြီး အညိုရောင်ဝတ်စုံကို ဆင်မြန်းထားလေ၏။ ထို့အပြင် သူမက အလှပဂေး တစ်ယောက် ဖြစ်သည်။ အရုပ်လေးနှင့် တူလှသော မျက်လံးအစုံနှင့် ဖြောင့်စင်းသော မျက်ခုံး၊ ပိုးသားနက်ရောင် ဆံကေသာကို ထုံးဖွဲ့ထားပြီး သူမက အဆင့်အတန်းမြင့်မြင့် နိုဘယ်အငွေ့အသက်များ ထုတ်လွင့်နေလေ၏။

ထိုလူက ဖွားဖွားလင်းလောင်များလား... သူမက အရွယ်တင် နုပျိုနေဆဲ ဖြစ်ကာ လှပနေဆဲ ဖြစ်၏။ မိုဝူကျီက သူတို့အမြင်များ မှားနေလားဟုပင် တွေးမိခဲ့သည်။ သို့သော် သူက ထိုသည်က မဖြစ်နိုင်မှန်း သိလိုက်သည်။ ကောင်းကင်ဖွေရှာနန်းတော် နေရာတွင် ဖွားဖွားလင်းလောင်ကို မည်သူကမျှ အတုအပ လုပ်နိုင်ရန် သတ္တိရှိနှင့် စွမ်းရည် ရှိကြလိမ့်မည် မဟုတ်ပေ။

"ငါ့ကို ဘာအတွက် တွေ့ချင်တာလဲ...." မိုဝူကျီက သူမကို စကားတစ်ခွန်းမျှ မပြောဘဲ ငေးကြည့်နေသည်ကို တွေ့သောအခါ ဖွားဖွားလင်းလောင်က မျက်မှောင်အသာ ကြုတ်မိလိုက်သည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Dove le storie prendono vita. Scoprilo ora