အခန်း (၆၉) : လျို့ဝှက်ဆန်းကြယ် စာအုပ်
ပြင်ဆင်ပြီးသည့်နောက် မိုဝူကျီ ပထမဆုံး လုပ်သည့်အရာက ရှန်းလျဲ့ပေးခဲ့သော စာအုပ်ကို ထုတ်ကြည့်ခြင်း ဖြစ်၏။ သူ့လက်ထဲတွင် ထိုစာအုပ်ကား ဌက်မွေးလေးကဲ့သို့ ပေါ့ပါးနေလေ၏။
စာအုပ်ကို ဖွင့်ကြည့်လိုက်သောအခါ စာရွက်သားက သူမသိသော ပစ္စည်းဖြင့် ပြုလုပ်ထားကြောင်း တွေ့ရှိလိုက်သည်။ စာရွက်တစ်ရွက်ချင်းကား မျှော်လင့်ထားသည်ထက် ပို၍ပင် ပါးလွှာနေလေ၏။ ပါးလွှာလွန်းသည့် စာရွက်သားကြောင့် စာအုပ်တွင် အနည်းဆုံး စာရွက်ရာကျော်ပါလောက်မည်ဟု ခန့်မှန်းမိလိုက်သည်။
ပထမစာမျက်နှာတွင် "ဆေးလုံး ဖော်စပ်ရေး နည်းလမ်းကား အမှန်စင်စစ် နည်းလမ်း ဖြစ်၏။ ဆေးလုံးဖော်စပ်သူ တစ်ယောက်ဖြစ်ဖို့ ဆေးနည်များကို နိုက်နိုက်ချွတ်ချွတ် သိရမည်......" ဟူသော ပုရွက်ဆိတ်ထပ် သေးသော စာလုံးသေးများဖြင့် အကြောင်းများစွာ ရေးထားသည်ကို တွေ့လိုက်ရ၏။ ဆေးနည်းနှင့် ဘာပတ်သတ်မှုရှိတာလဲ...... ဆေးဖော်စပ်နည်းက ဆေးဖော်စပ်ခြင်းတွေအတွက် ဖြစ်ပြီး ဆေးလုံးဖော်စပ်ခြင်းကား ဆေးလုံးဖော်စပ်သူတွေအတွက် ဖြစ်၏။
(မှတ်ချက်။ ။ ဆေးဆိုသည်မှာ မိုဝူကျီ အရင်က ဖော်စပ်ခဲ့သည့် ပင်နီဆလင်ကဲ့သို့ ဆေးမျိုးဖြစ်ပြီး ဆေးလုံးကား ဝိညာဉ်ဆေးလုံးကဲ့သို့ ဆေးဖြစ်၏)
"ဝိညာဉ်ဆေးပင်တွေနှင့် သေမျိုးဆေးပင်တွေ အားလုံးမှာ ကိုယ်ပိုင်လမ်းကိုယ်စီး ရှိကြတယ်...... တစ်လမ်းတည်းလျှောက်နေတဲ့ ဆေးပင်ဆိုတာ မရှိဘူး.... အကယ်၍ တစ်ခုက ဆေးဖော်စပ်ခြင်းလမ်းပေါ် ရောက်လာရင် ဆေးလုံးဖော်စပ်ခြင်းက ဖြစ်နိုင်တယ်.....ဆေးနည်းကနေ ဆေးလုံးအဆင့် ရောက်သွားပြီဆိုရင် လမ်းဘေးက မြက်ပင်တောင် အင်မော်တယ်ဆေးလုံးဖော်စပ်လို့ ရလိမ့်မယ်....."
မိုဝူကျီက လေအေးများ ရှုသွင်းလိုက်မိ၏။ ဤဆေးစာအုပ်ကား တရားလွန်သဘာဝများ ပါရှိ၏။ ထို့ကြောင့် ဆေးပင်များ၏ တူညီလှသော အရိုးအတံ၊ အပွင့်အညှာများပင် ဆေးလုံးဖော်စပ်ခြင်းတွင် ဆန်းသစ်မတူညီသော ပြုလုပ်ချက်များ လိုအပ်လေသည်။ ဘယ်လောက်များ ခက်ခဲလိုက်မည်နည်း...... ထို့အပြင် ဆေးစာအုပ်တွင် အကယ်၍ လူတစ်ယောက်က ဆေးဖော်စပ်သူမှ ဆေးလုံးဖော်စပ်သူ ဖြစ်လာပါက လမ်းဘေးက ခွေးမြီးမြက်ပင် အင်မော်တယ်ဆေးလုံး ဖော်နိုင်လိမ့်မည်ဟု ညွှန်းဆိုထား၏။
YOU ARE READING
လူသားသစ်စာ (Zawgyi version) (1 - 200)
FantasyThis is translation of Immortal mortal .... All credit given to original author and translator Otiginal Author : Goose Five Translator : Kyiphyu ဝိညာဉ်ကြောမရှိလျှင် မကျင့်ကြံနိုင်သည့် လောကတွင် မိုဝူကျီတစ်ယောက် ဘယ်လို ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ရမလဲ...