chapter 119

651 101 0
                                    


အခန်း (၁၁၉) : တိုက်ရိုက် ပြောင်းပြန် ပြောင်းလဲမှု

မုယင်၏ စိတ်ဝင်စားမှုကို တွေ့ပြီးနောက်  မိုဝူကျီက ရတနာ သွေးပဒုမ္မကြာကို ဆက်မရေးတော့ပေ။ ယခု မုယင် စိတ်ဝင်စားသည်က သူ့လက်ထဲတွင် ရှိနေသော တစ်ခုတည်းသော အရာဖြစ်၏။ မုယင်နှင့် အလဲအလှယ် လုပ်ဖို့ရာ အခွင့်အလမ်းကို ရှာရလိမ့်မည်။

"ဆေးလုံးသခင်မို ..." ထိုစဉ် မိုဝူကျီဘေးနားမှ အံ့ဩသွားသည့် အသံ ထွက်ပေါ်လာသည်။

မိုဝူကျီက လှည့်ကြည့်လိုက်သောအခါ ယန်ချင်ယင်ကို တွေ့လိုက်ရ၏။ ယန်ချင်ယင်ဘေးတွင် သူ မမြင်ချင်ဆုံးသောသူ ဆေးလုံးသခင်ဂျူ ပါလာလေသည်။

"ဂျူနီယာ မောင်လေးမို ငါ မင်းကို အရမ်းစိုးရိမ်နေတာ ဒီမှာ မြင်လိုက်ရမှ စိတ်အေးသွားတော့တယ်...." ယန်ချင်ယင်က  စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

မိုဝူကျီက ရယ်မောလိုက်ကာ "ကျေးဇူးတင်ပါတယ် စီနီယာ အစ်မယန် ကျွန်‌တော် သေဘေးက တစ်ခါလွတ်လာတယ်ဆိုတော့ ကျွန်တော်ကံက မဆိုးသေးဘူး ထင်ပါ့ဗျာ..."

ယန်ချင်ယင်က အားနာစွာ ပြောလိုက်သည် "ဂျူနီယာ မောင်လေးမို  ငါ တကယ်ကို တောင်းပန်ပါတယ် မင်းကို အန္တရာယ်ထဲ ကျရောက်စေမိတယ်..."

မိုဝူကျီက ယန်ချင်ယင်ကို ထိုကိစ္စအတွက် အပြစ်တင်၍ မရမှန်း သိသည်။ သူမသည် သူက မန်ပိုယူကို သတ်လိုက်မှန်းပင် မသိပေ။ ထို့ကြောင့် ဒုတိယအကြီးအကဲမှ လိုက်ဖမ်းဆီးခြင်း ခံခဲ့ရသည်။

"စီနီယာ အစ်မယန် အဲကိစ္စအတွက် အစ်မမှာ အပြစ်မရှိပါဘူး  ပြီးတော့ အားလုံးက ပြီးသွားခဲ့ပြီလေ..." မိုဝူကျီက ခေါင်းကို ခါရင်း ပြောလိုက်သည်။

"ဟင်း.... မင်းလိုမျိုး အကျင့်မကောင်းတဲ့သူက အကြီးအကဲရှု လက်ထဲမှာ အဆုံးသတ်မှာပဲ..." ဆေးလုံးသခင်ဂျူက မိုဝူကျီကို မြင်၍ အလွန်အမင်း မကျေမနပ် ဖြစ်နေသည်။

မိုဝူကျီက မျက်မှောင်ကျုတ်ကာ မေးလိုက်သည် "အစ်မယန် သူက ဘယ်သူကြီးလဲ..."

ယန်ချင်ယင်က အသာပြုံးလိုက်ရင်း မိုဝူကျီက ဆေးလုံးသခင်ဂျူကို မမှတ်မိဘူးဟု ထင်ကာ  ပြန်ဖြေလိုက်သည် "ဒါက သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းရဲ့ ဆေးလုံးသခင် ဂျူဖေးယန်လေ ထိပ်ဆုံး အဆင့်သုံး ဆေးလုံးဆရာပေါ့..."

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now