chapter 63

819 111 0
                                    


အခန်း (၆၃) : စိုးရိမ်ဖွယ် ပြန်လည်တွေ့ဆုံမှု

"နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံက တရားဝင် ဖွင့်လှစ်လိုက်ပါပြီ..... ဂိုဏ်းအသီးသီးလဲ ထူးချွန်ထက်မြက်တဲ့ တပည့်များစွာ ရှာတွေ့ကြပါစေလို့ ဆုမွန်တောင်းပါတယ်....... ပြီးတော့ ငါတို့ရဲ့ ပါရမီရှင်များအနေနဲ့လည်း အင်မော်တယ်.... လူသားအဆင့်လွန်သို့ တက်လှမ်းနိုင်ကြပါစေ"

ရှင်းဟန်အင်ပါယာ ဘုရင်၏ မိန့်ခွန်းအပြီးတွင် နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံ အခမ်းအနားကို ဖွင့်လှစ်လိုက်လေသည်။ မီတာအနည်းငယ် ကျယ်ဝန်းသော လူတန်းကြီးက စင်မြင့်ရှေ့သို့ ရောက်ရှိလာကြသည်။

ရှင်းဟန်အင်ပါယာ ဘုရင်က ဆင်းလာသောအခါ စစ်ဆေးမှုရလဒ်ကို မှတ်သားရန် တာဝန်ရှိသော အရာရှိနှစ်ယောက်သည် ကျောက်တိုင် ဘေးတစ်ဖက် တစ်ချက်စီတွင် မတ်တပ်ရပ်ကာ နေရာယူထားလေ၏။

သူတို့အထဲမှ တစ်ယောက်က ရှည်လျားလှသော သားရေစာလိပ်ကို ဖွင့်ကာ စတင် ကြေညာလိုက်သည် "ချန်လောင်စီရင်စုမှ အော့ကျိုးစီ စမ်းသပ်မှု ခံယူပါ...... ချန်လောင်စီရင်စုမှ ဝေရှီ အဆင်သင့် ပြင်ထားပါ....."

အရာရှိက နာမည်နှစ်ခု ကြေညာပြီးနောက်တွင် ရွှေရောင်ဝတ်ရုံနှင့် လူငယ်သည် လူတန်းမှ ထွက်လာကာ စင်မြင့်ရှေ့သို့ အလောတကြီး လျှောက်လှမ်းလာလေသည်။ ခုန်လိုက်သောအခါ သူသည် စင်မြင့်ပေါ်သို့ ရောက်ရှိသွား၏။ ထိုအပေါ်ရောက်ရှိပြီးနောက်တွင် သူသည် ကျောက်တိုင်ဆီ တန်းတန်းမတ်မတ် လျှောက်မသွားသေးဘဲ လူထုကို လှည့်ကာ မျက်နှာချင်းဆိုင်လိုက်သည်။

ဤလူငယ်တွင် ဆွဲဆောင်မှုရှိသော အင်္ဂါရပ်များ ရှိလေ၏။ ဘေးမှ တချို့သော မိန်းကလေးများပင် အော်ဟစ်နေကြလေသည်။

ရှန်းလျဲ့က နှာခေါင်းရှုံ့ကာ "ဒီလူက တကယ်ကို အကြွားသန်တဲ့လူပဲ....သူ့မှာသာ ကောင်းကင်ကို အာခံနိုင်တဲ့ ဝိညာဉ်ကြောမပါလို့ကတော့ ကျောင်းတော်တော်များများနဲ့ ဂိုဏ်းတွေက သူ့ကို အလိုရှိကြမှာ မဟုတ်ဘူး......"

ရွှေရောင်ဝတ်ရုံနှင့် လူငယ်က ကျောက်တိုင်ရှေ့တွင် ရပ်လိုက်သည်။ ကျောက်တိုင်မှ အညိုနုရောင် (ကာကီရောင်) အလင်းကား ကျောက်တိုင်၏ ၁မီတာခွဲအထိ ရောက်ရှိသွားလေ၏။

လူသားသစ်စာ (Zawgyi version) (1 - 200)Onde histórias criam vida. Descubra agora