chapter 103

777 106 0
                                    


အခန်း (၁၀၃) : ကြင်နာမှုအတွက် ဆုလာဘ်

"ဆေးလုံးသခင်မို .." ပြစ်ဒဏ်စီမံရေး ခန်းမက လူသည်  အဝေးမှ  မိုဝူကျီကို မြင်သည်နှင့် အလျှင်အမြန် နှုတ်ဆက်လိုက်လေသည်။

ဧည့် ဆေးလုံးဆရာသည် ဂိုဏ်းထဲတွင်  လျှစ်လျူရှု၍ ရသော ပုဂ္ဂိုလ် မဟုတ်ပေ။ ထို့အပြင် ကျင့်ကြံသူ အနေနှင့် သူတို့သည် ဆေးလုံးဖော်စပ်ရန်အတွက် ဆေးလုံးဆရာ၏ အကူအညီ မလိုအပ်လာဘူးဟု အသေအချာ ပြောနိုင်ပါ့မလား

ထို့အပြင် နတ်ဓားတောင် မတော်တဆမှု အပြီးတွင် ဂိုဏ်း၌ ဆေးလုံးဆရာ အရေအတွက် ပို၍ နည်းပါးလာလေ၏။ ထိုဆေလုံးသခင်မိုက ဆေးလုံးသခင်ယန်၏  မျက်နှာသာပေးခြင်းလဲ ရရှိထားသူ ဖြစ်ကာ သူနှင့် ရင်းရင်းနှီးနှီး နေခြင်းက ဆိုးကျိုးမရှိချေ။ အကြောင်းပြချက် မရှိသည့် အတွက် ကြောင့်သာ မဟုတ်လျှင် လူအများက မိုဝူကျီနှင့် မိတ်ဆွေ ဖြစ်ဖို့ရန် ကြိုးစားကြလိမ့်မည်။

"ဒီက တာဝန်ခံကို ဘယ်လိုခေါ်ရမလဲ သိပါရစေ..." မိုဝူကျီက ယဉ်ကျေးစွာ ပြောလိုက်လေသည်။ ပြစ်ဒဏ်စီမံရေး ခန်းမသည် အာဏာ ပြရသည်ကို ကြိုက်နှစ်သက်မှန်း သိသော်လည်း ပြစ်ဒဏ်စီမံရေး ခန်းမကြောင့် မဟုတ်ဘဲ ထိုနေရာမှ လူများကြောင့် ဖြစ်၏။

တာဝန်ရှိသူက အလျှင်အမြန် ပြန်၍ ပြောလိုက်လေသည် "ဆေးလုံးသခင်မို ကျွန်တော်ကို ကုံချင်းလို့ ခေါ်လို့ ရပါတယ် ဆေးလုံးသခင်မို လာမှန်း မသိလို့ ကျွန်တော့်ရဲ မသိတတ်မှုကို နားလည်ပေးပါဗျ "

မိုဝူကျီသည် ကုံချင်း၏ အပြုအမူကို ကြည့်ပြီး ထိုလူက ပြစ်ဒဏ်စီမံရေး ခန်းမ သခင် မဟုတ်သလို တာဝန်ခံပင် မဟုတ်ကြောင်း သိလိုက်၏။ အကယ်၍ သူသာ ဖြစ်နေလျှင် မိုဝူကျီကို ထိုမျှ ယဉ်ယဉ်ကျေးကျေးဖြင့် ဆက်ဆံနေမည် မဟုတ်ပေ။ ပြစ်ဒဏ်စီမံရေး ခန်းမ သခင်က အကြီးအကဲ ဖြစ်သည့်အတွက် မိုဝူကျီကသာ အရိုအသေပေး၍ ဆက်ဆံရမည့်သူ ဖြစ်လေသည်။

"အစ်ကိုကုံရဲ့ ပျုဌာမှုအတွက် ကျေးဇူးတင်ပါတယ် ဒီကို ပြစ်ဒဏ် စီမံရေး ခန်းမသခင်ကို လာရှာတာပါ ကျွန်တော့ရဲ့ သွေးဝေး အမျိုးတစ်ယောက် ဒီကို အခေါ်ခံထားရတယ် ကြားလို့ပါ ခန်းမသခင်ကို ကျွန်တော့ကို ထောက်ထားပေးဖို့ လာတောင်းဆိုတာပါ  အစ်ကိုကုံက ကျွန်တော့် ရောက်လာမှုကို အကြောင်းကြားပေးမယ်လို့ မျှော်လင့်ပါတယ် " မိုဝူကျီက နွေးနွေးထွေးထွေး ပြောလိုက်သည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now