chapter 179

568 93 0
                                    


အခန်း (၁၇၉) : နယ်ခြား သင်္ဘောပျံ

တစ်လအကြာတွင် မိုဝူကျီနှင့် ရန်ထျန်းရှင်းတို့က ကောင်းကင်ဖွေရှာနန်းတော်သို့ ပြန်ရောက်လာကြသည်။ ထိုလအတွင်း မိုဝူကျီက မကျင့်ကြံခဲ့သော်လည်း ကျင့်ကြံရာထက် ပိုသည့် အရာများ ရရှိခဲ့သည်။

သူ့၏ ကျင့်ကြံခြင်းနှင့် ပတ်သတ်၍ နားလည်မှု လွဲခြင်းများ၊ မေးခွန်းများကို ရန်ထျန်းရှင်းက ဖြေကြားပေးလေသည်။

မိုဝူကျီနှင့် ရန်ထျန်းရှင်းတို့  ကောင်းကင်ဖွေရှာနန်းတော်ထဲ ဝင်လိုက်ချင်း သူတို့က တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။ ကောင်းကင်ဖွေရှာနန်းတော်တွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နေသော အငွေ့အသက် ခြုံလွမ်းနေလေသည်။ သူတို့ဖြတ်လျောက်လာသည့် ကျင့်ကြံသူတိုင်း၏ မျက်နှာတွင် လေးလံသော အမူအယာများ ချိတ်ဆွဲထားကြသည်။

"စီနီယာအစ်ကို ကောင်းကင်ဖွေရှာနန်းတော်မှာ ဘာဖြစ်နေတာလဲ .." မိုဝူကျီက ဘေးမှ ခေါင်းငိုက်စိုက်ဖြင့် လမ်းလျောက်လာသည့် ကျင့်ကြံသူ တစ်ယောက်ကို ဆွဲ၍ မေးလိုက်သည်။

ဤကျင့်ကြံသူက တစ်ခုခုကို စဉ်းစားနေဟန်ပေါ်ပြီး မိုဝူကျီက ရုတ်တရက် ဆွဲလိုက်သောကြောင့် ဒေါသထွက်သွားလေသည်။သူက ခေါင်းကို မော့ကြည့်လိုက်သောအခါ ရန်ထျန်းရှင်းကို မြင်လိုက်ရ၍ ချက်ချင်း ဦးညွတ်ကာ ပြောလိုက်သည် "လက်နက်တောင်ထိပ် အတွင်းစည်း တပည့် ကျိန့်ယို့ခိုင်က စီနီယာအစ်ကိုရန်ကို နှုတ်ဆက်ပါတယ် ... "

သူ့၏ ဒေါသထွက်နေသည့် အမူအယာသည် ချက်ချင်းပင် လေးစားသမှုသို့ ပြောင်းသွား၍ ကောင်းကင်ဖွေရှာနန်းတော်ရှိ ရန်ထျန်းရှင်း၏ အဆင့်အတန်းကို သိသာစေသည်။

ရန်ထျန်းရှင်းက မေးလိုက်သည် "ကောင်းကင်ဖွေရှာနန်းတော်မှာ ဘာဖြစ်နေတာလဲ ... ဘာလို့ အငွေ့အသက်က ဖိစီးနေတာလဲ ... "

ကျင့်ကြံသူက လျှင်မြန်စွာ ပြန်ဖြေလိုက်သည် "လွန်ခဲ့တဲ့ တစ်နှစ်ခန့်လောက်က  နယ်ခြားသင်္ဘောပျံ တစ်စင်း မင်ဟန် အင်ပါယာမြို့တော်ကို ရောက်လာတယ် ... "

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now