အခန်း (၁၂၉) : မိုဝူကျီကို လူတွေ ဘယ်လို မြင်ကြလဲ
မိုဝူကျီက စာရွက်ကို မသင်္ကာဖွယ် ဖွင့်ကြည့်လိုက်သည်။ စာရွက်ထဲရှိ အကြောင်းအရာများ မြင်သောအခါ သူက ချက်ချင်း မော့ကာ တအံ့တဩ မေးကြည့်လိုက်သည် "မြေကမ္ဘာ ဝိညာဉ် ကာကွယ်ရေး ဆေးလုံး ဖော်မြူလာ လား စီနီယာ အစ်မယန် ပြိုင်ပွဲမှာ ဒီဆေးလုံးကို ဖော်ဖို့ ရွေးခဲ့တာလား...."
မိုဝူကျီက ယန်ချင်ယင် ကျရှုံးသည့်အချက်ကို နောက်ဆုံးတွင် နားလည်သွားလေပြီ။ သူက စိတ်ဝိညာဉ် အားဖြည့်ဆေးလုံး ဖော်စပ်ဖူးသည့်အတွက် အခြားသော အဆင့်သုံး ဆေးလုံးများနှင့် ယှဉ်လျှင် များစွာခက်ခဲကြောင်း သိ၏။ မြေကမ္ဘာ ဝိညာဉ် ကာကွယ်ရေး ဆေးလုံးသည် အဆင့်လေး ဆေးလုံးဖြစ်သည့်အတွက် ပုံမှန်အားဖြင့် ချွင်းချက်မရှိ ပိုခက်ခဲလိမ့်မည်။ ထို့အပြင် သူမက အနီရောင် မီးကျောက်ကို သုံးရပြီး အချိန်နှစ်နာရီ ကန့်သတ်ထားခံရသည်။ သူမ ကျရှုံးမှုကား အကြောင်းပြချက်မရှိဘဲ မဟုတ်ပေ။
"စီနီယာ အစ်မယန် အစ်မရဲ့စွမ်းဆောင်ရည်နဲ့ဆိုရင် ပုံမှန်အဆင့်လေး ဆေးလုံးဖော်စပ်မယ်ဆိုရင် အောင်မြင်ဦးမှာ ..." မိုဝူကျီက မရေမရာ ပြောလိုက်သည်။ အကြောင်းမှာ သူက မြေကမ္ဘာ ဝိညာဉ် ကာကွယ်ရေး ဆေးလုံး လိုမည်ဆိုတိုင်း ယန်ချင်ယင်က လိုနေမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ယန်ချင်ယင်က အပြုံးရေးရေးလေးဖြင့် "ငါက အလောင်းအစားတစ်ခု လုပ်ကြည့်လိုက်တာလေ တကယ်လို့ ငါသာ အောင်မြင်မယ်ဆိုရင် ထိပ်ဆုံး ၁၀ ယောက်ထဲ ပါလာလိမ့်မယ် တကယ်လို့ ငါမအောင်မြင်ရင်တောင် မင်းက ငါ့ကို နေရာပေးမယ်လို့ ပြောထားတယ် မလား.... ပြီးတော့ မင်းအတွက် ဒီဖော်မြူလာ လိုအပ်မယ်လို့ တွေးမိလို့...."
"ကျေးဇူးပါ စီနီယာ အစ်မယန် အဲဆို ကျွန်တော်က ကျေးဇူးတင်စွာ လက်ခံပါ့မယ် ဒါနဲ့ နေရာ ဘယ်လောက်များ လိုတာလဲ ကျွန်တော့်မှာ နေရာအပိုတွေ ရှိတယ် ပြီးတော့ တစ်ခုလောက် မေးချင်တယ် ဘာလို့ ကျွန်တော်က ဒီဆေးလုံး ဖော်မြူလာကို လိုမယ်လို့ ထင်တာလဲ..." မိုဝူကျီက သူ့စိတ်ထဲမှ သိချင်နေသည့် ကိစ္စကို ထုတ်မေးကြည့်လိုက်သည်။
YOU ARE READING
လူသားသစ်စာ (Zawgyi version) (1 - 200)
FantasyThis is translation of Immortal mortal .... All credit given to original author and translator Otiginal Author : Goose Five Translator : Kyiphyu ဝိညာဉ်ကြောမရှိလျှင် မကျင့်ကြံနိုင်သည့် လောကတွင် မိုဝူကျီတစ်ယောက် ဘယ်လို ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ရမလဲ...