"ရှုပ်​ရှုပ်​ရှပ်​ရှပ်​​တွေလာပြန်​ပြီ...."

"ယူကမသွားချင်​လို့လား...."

ဥက္ကာက ခပ်​ပြတ်​ပြတ်​ပြန်​​ပြော၏။

"အင်း..."

"တို့က သွားချင်​တယ်​ဆိုရင်​​ရော..."

ဥက္ကာပြန်​မ​ဖြေ။

"​ဖြေ​လေ...ဘာလို့မ​ဖြေတာလဲ..."

"......."

သက်​ပိုင်​ ထိုင်​​နေရာမှထရပ်​လိုက်​သည်​။ ဖြန့်​ထား​သော ဥက္ကာလက်​အတွင်းမှ ​နေကြာ​စေ့များကို အကုန်​ကျုံးနှိုက်​လိုက်​၏။ ပြီး​နောက်
မြစ်​ရှိရာသို့တစ်​​ရွေ့​ရွေ့​လျှောက်​ကာ ​ရေထဲသွန်​ပစ်​လိုက်​သည်​။

ထို့​နောက်​ နှုတ်​ခမ်းကိုအနည်းငယ်​ ဆူလျက်​ပြန်​လှည့်​လာရင်း ဥက္ကာ​ရှေ့၌ငိုင်​ငိုင်​ကြီးရပ်​​လေသည်​။ ဥက္ကာကလည်း ခပ်​မှိုင်းမှိုင်း​လေးပြန်​ကြည့်​​နေ၏။

"သိလိုက်​ပြီ....ယူကကျုပ်​ကို​ပျော်​​အောင်​မထားနိုင်​ဘူးပဲ....."

"အို...အဲ့လိုမဟုတ်​ပါဘူး....​ပျော်​​စေချင်​တာ​ပေါ့သက်​ပိုင်​ရယ်​၊ ဘယ်​လို​ပြောလိုက်​တာလဲ...၊ အရင်​တစ်​ခါလို အ​ပျော်​က​နေ အပျက်​​တွေဖြစ်​မှာဆိုးလို့..."

"အရင်​တစ်​ခါလိုမလုပ်​​တော့ပါဘူး၊ ဒီမှာ.... ဂျီကျရမှာ ကျုပ်​တာဝန်​၊ အလိုလိုက်​ရမှာ ယူ့တာဝန်​မဟုတ်​လား၊ ရည်းစားထားပြီး ဒါ​လေး​တောင်​ နားမလည်​ဘူးလား၊ မြင်​​ယောင်​​သေး...ရည်းစားသာဖြစ်​ရင်​ ကျုပ်​လည်း ဒူးနဲ့မျက်​ရည်​သုတ်​ရမလားမသိဘူး"

သက်​ပိုင်​က 'ချွဲ´လုံး​ရော 'ကဲ´လုံးများကိုပါ တစ်​လိမ့်​ပြီးတစ်​လိမ့်​ လှိမ့်​၍သုံး​တော့သည်​။ ကဲ ဘာများတတ်​နိုင်​​သေးသလဲ။

ဥက္ကာ၏မျက်​နှာ​ပေါ် အပြုံးရိပ်​​လေးသန်းလာ၏။

"ကဲဟုတ်​ပါပြီ....ခုသွားမလား...."

"အို မိုးမှမချုပ်​​သေးတာ ခဏထိုင်​ပြီး ဟိုးနားမှာ ဇင်​​ယော်​အစာ​ကျွေးမယ်​ ​မှောင်​မှသွားကြမယ်​​လေ ​နော်​...."

သက်​ပိုင်​ စိတ်​အလိုကျအတိုင်း ဇင်​​ယော်​အစာ​ကျွေးပြီးသည်​နှင့်​ မိုးချုပ်​သည့်​အခါ ပွဲ​ဈေးတန်းသို့ထွက်​လာခဲ့သည်​။

~ငြိုး.....~Where stories live. Discover now