နီလာ၏အ​ပြော​ကြောင့်​ သက်​ပိုင်​က ဟက်​ခနဲ ခနဲ့တဲ့တဲ့ရယ်​ပြန်​သည်​။

"အံမာ​လေး...လက်​ညိုးညွှန်​ချင်​ တစ်​ခြားသွားညွှန်​ပါလား၊ ကျွန်​​တော်​က သူလက်​ညိုးညွှန်​တိုင်း ​ရေဖြစ်​​ပေးရမှာလား၊ ​သူက ​မှောက်​ချင်​​မှောက်​ လှန်​ချင်​လှန်​မယ့်​​လူစားမျိုး...အပိုးကိုမကျိုးတာ..."

"​အေး...က​လေးအပိုးကျိုးမကျိုး​တော့ မသိဘူး မမ​နွေး​တော့​တော်​​တော်​အပိုးကျိုး​နေပြီ....."

"ဘာလို့လဲ...."

"ဒီမှာကြည့်​...."

နွေး​နွေးသည်​ သူ့လက်​ထဲရှိဖုန်းကို​ထောင်​ကာ call log ကိုပြသည်​။

"အဲ့မှာ အဝင်​​ကောငါးဆယ့်​နှစ်ေ​ကာကို​မြင်​လား၊ ဘယ်​သူ​ခေါ်တယ်​ထင်​လဲ"

အားလုံးထံမှ အ​မေးတစ်​ခုတည်းထွက်​လာ၏။

"ဘယ်​သူလဲ...."

နွေး​နွေးသည်​ သက်​ပိုင်​ကိုလက်​ညိုးထိုးပြီး မဲ့ရွဲ့ကာ​ပြောလာသည်​။

"သူ့ကြင်​ယာ​လောင်း ကိုဥက္ကာ​လေ၊ အဲ့ဒါမ​နေ့က တစ်​​နေ့တည်း​ခေါ်တာ​နော်​၊ ငါစိတ်​​တွေညစ်​လိုက်​တာ၊ အိမ်​က​အစ်ကိုေ​တာင်​​ပြောတယ်​၊ ဖုန်းတစ်​ချိန်​လုံးလာတယ်​​နော်​တဲ့...."

"သူက မမ​နွေးဖုန်းနံပတ်​ဘယ်​ကရသွားတာလဲ...."

"မသိဘူး​လေ၊ ကျုပ်​ခင်​မျာ မ​နေ့က ​ခေါင်း​တွေပါထိုး​ရော၊ ​ခေါ်တာ​တောင်​ အသက်​တဲ့၊ ဖုန်းစိမ်းကြီးဝင်​လာ​တော့ ငါလည်းမရဲတရဲကိုင်​လိုက်​တာ အရင်းမရှိအဖျားမရှိ အသက်​စိတ်​ဆိုးသွားပြီတဲ့၊ ငါ​လေ ပထမ​ကြောင်​ပါ​ကြောင်​တယ်​၊ ဘယ်​ကအသက်​လဲ​ပေါ့၊ ​နောက်​မှ သူမှန်းသိပြီး သက်​ပိုင်​ကို​ပြောတာတဲ့၊ သူမနက်​ကစိတ်​တိုပြီး​ပြောလိုက်​တာ သက်​ပိုင်​စိတ်​ဆိုးသွားလားမသိဘူး ​ပြော​ပေးဦးတဲ့၊ ဟယ်​ ​ကျောင်းမှာမဟုတ်​ဘူး အိမ်​မှာလို့​ပြောတာ မရဘူး၊ တစ်​ကျွတ်​ကျွတ်​ညံ ငါးမိနစ်​ခြားတစ်​ခါ​လောက်​ဖုန်းဆက်​​နေ​ရော၊ ကိုယ်​တိုင်​​ပြော ဖုန်းနံပတ်​​ပေးမယ်​ဆို​တော့လည်း မ​ပြောရဲဘူးတဲ့၊ သူဖုန်းဆက်​တဲ့အချိန်​က အိမ်​မှာ အစ်​ကိုရှိ​နေတာ၊ ငါလည်း ခိုး​ကြောင်​ခိုးဝှက်​​ပြောရတာ​ပေါ့၊ အစ်​ကိုကလည်း ယုန်​ထင်​​ကြောင်​ထင်​နဲ့ ​ဖေ​ဖေမသိတာ ကံ​ကောင်း၊ သိရင်​မိုးမီး​လောင်​မှာ..."

~ငြိုး.....~Where stories live. Discover now