"တိတ်စမ်း!အမတ်ချုပ်ကြီး...မောင်မင်းရဲ့သမီးတော်က အကြီးမားဆုံးအပြစ်ကိုလုပ်လိုက်တာပဲ...အဲ့အတွက်အပြစ်ကိုသူမခံရမယ်"

"စစ်နတ်မင်း..."

~ဒုန်း

အထွန့်တက်ရန်ပြင်နေသော အမတ်ချုပ်ကြောင့် ခုံကိုထုကာ စစ်နတ်မင်းသတိပေးလိုက်သည်

"အရှင်...ကြင်ယာတော်ယောလ်လေးက တွေ့ချင်နေပါတယ်"

မိမိဘေးမှ ရှင်းရဲ့လျှောက်တင်သံကြောင့် စစ်နတ်မင်းခေါင်းငြိမ့်လိုက်တယ်

ထို့နောက် မတ်တပ်ထရပ်ကာ အမတ်တွေကိုတစ်ချက်သာ ကြည့်၍အမိန့်ချလိုက်သည်

"ကြင်ယာတော်ယောလ်လေးကို ထားတဲ့အချုပ်ခန်းက ရဲမက်တွေအကုန်သေဒဏ်ပေးလိုက်..."

"စစ်နတ်မင်း မဖြစ်..."

"မိဖုရားခေါင်ကိုနောက်နေ့စစ်ဆေးမှာမို့ ယောလ်လေးကိုထားတဲ့ အချုပ်ခန်းမှာပဲ ယာယီထိန်းသိမ်းထားစေ...ကန့်ကွက်တဲ့သူအကုန်သေဒဏ်..."

****************************

"ယောလ်လေး"

"အရှင်..."

မိမိရင်ခွင်ထဲ တိုးဝင်လာတဲ့ ယောလ်လေးအား စစ်နတ်မင်းညှင်သာစွာပွေ့ဖက်ရင်း ကျောပြင်လေးကိုပုတ်ပေးမိသည်

ယောလ်လေးကိုယ်လေးမှာ ပျော့ဖတ်နေပြီး သူ့ရင်ခွင်ထဲ တိုးဝင်သည်ထက် ပိုတိုးဝင်လို့နေတယ်

ကြွေရုပ်ကလေးလို နူးညံ့သောကောင်လေးကို အချုပ်ခန်းလိုနေရာမှာဖမ်းချုပ်ပြီး အစာလဲမကျွေးပဲ ထားတာကြောင့် ယောလ်လေးကိုယ်လေးဟာ အားမရှိသည့်နှယ်...

နှုတ်ခမ်းသားလေးတွေလဲ ဖြူစုတ်နေကာ တစ်ရက်အတွင်း ပိန်ကျသွားတာကြောင့် စဉ်းစားကြည့်သည်နှင့် ဒေါသကထိန်းမရ...

သို့သော်
စိတ်ထင်သည်ပဲလားမသိ...
ဒီနေ့မှယောလ်လေးက ပို၍သူ့ကိုဖက်တွယ်ထားသလိုပင်...

"အရှင်..."

ရင်ခွင်ထဲမှမျက်ဝန်းဝိုင်းဝိုင်းလေးတွေကို မြင်မိတော့ စစ်နတ်မင်းအသာပြုံးကာ ယောလ်လေးရဲ့ဆံနွယ်လေးတွေအား သပ်တင်ပေးမိတယ်...

~~အသုံးတော်ခံ~~Where stories live. Discover now