အရမ်းဖြူစင်တယ် လေးနက်တယ် ယောလ်လေးရဲ့အဲ့အပြုံးလေးကို စစ်နတ်မင်းအလွန်သဘောကျပါသည်

"ယောလ်လေး ဘာဖြစ်လို့လဲ?ဘယ်နားနာကျင်လို့လဲ?ကိုယ်တော့်ကို ပြောပါဦး"

စိုးရိမ်တကြီးမေးလာတဲ့ စစ်နတ်မင်းကို ယောလ်လေးခေါင်းခါပြမိတယ်

"အရှင်..."

မျက်ရည်လေးတွေဝဲကာ သူ့ကိုဖက်တွယ်ဖို့ပြောလာတာကြောင့် ယောလ်လေးကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်သော စစ်နတ်မင်း...

ယောလ်လေးကိုယ်လေးတစ်ခုလုံး စစ်နတ်မင်းရင်ခွင်ထဲမြုပ်နေကာ ယောလ်လေးမျက်ဝန်းလေးမှာတော့ မျက်ရည်တို့အပြည့်....

တစ်မူထူးခြားလောက်အောင် ငိုမဲ့မဲ့မျက်နှာလေးနဲ့ ယောလ်လေးက အရှင့်ကိုချွဲနေသလိုပင်...

"ယောလ်လေး ဘာဖြစ်လို့လဲ?ဟင်?ဘယ်နားကနာကျင်တာလဲ ကိုယ်တော့်ကိုပြောပါဦး"

"အရှင့်ကိုစိတ်ဆိုးပါတယ် ဘာလို့တခြားအဆောင်ကိုသွားရတာလဲ"

တအိအိငိုရှိုက်နေသော ကလေးငယ်အား ကျောပြင်လေးကိုပုတ်၍ နှစ်သိမ့်မိရုံမှအပါး စစ်နတ်မင်းစိတ်မကောင်းဖြစ်မိရုံသာတတ်နိုင်သည်

"ကိုယ်တော်တောင်းပန်ပါတယ်ကလေး...ဒါကယောလ်လေးအတွက်မို့ပါ"

"ဟင့်အင်း မလုပ်ပါနဲ့ အခုယောလ်လေးဘာမှမဖြစ်တော့ဘူးလေ"

"ဟင်?ဘာကိုဆိုလိုတာလဲ ယောလ်လေး"

"ယောလ်လေး အဆိပ်ဖြေဆေးသောက်ပြီးပါပြီ အရှင်"

"တကယ်လား?ယောလ်လေး?တကယ်ပြောနေတာလား?"

ယောလ်လေး အဖြူစင်ဆုံးပြုံးကာ ခေါင်းငြိမ့်ပြသည် စစ်နတ်မင်း မျက်ဝန်းမှာလဲ ဝမ်းသာပီတိတွေက ဖြာလျက်...

"ဘယ်လိုဖြစ်တာလဲ အဆိပ်ဖြေဆေးဘယ်ကရတာလဲ ဟင်?"

"အစ်ကိုတော်ဂျွန်မြောင်က မိဖုရားရှန်ဟီအဆောင်ကနေ
ခိုးယူလာပေးတာပါ အရှင်"

စစ်နတ်မင်း ဂျွန်ကိုတစ်ချက်လှမ်းကြည့်မိတော့ သူ့ကို အဖြူစင်ဆုံးပြုံးပြလေရဲ့

~~အသုံးတော်ခံ~~Where stories live. Discover now