ခပ်ယဲ့ယဲ့ပြုံးပြသော စစ်နတ်မင်းရင်ထဲက နာကျင်မှုကို မည်သူသိနိုင်မည်နည်း...

ကိုယ်တော် ဘယ်လိုဆုံးဖြတ်ရမှာလဲ ယောလ်လေးရယ်...

"အ့"

သူတွေဝေနေတုန်း
ရုတ်တရပ်ရင်ဘတ်လေးကို လက်ဖြင့်ဖိကိုင်ကာ မျက်နှာမဲ့သွားသောယောလ်လေး...

"ယောလ်လေး...ဘာဖြစ်လို့လဲ?အဆင်ပြေရဲ့လား?ယောလ်လေး..."

"အ..အရှင့် နာ..နာတယ် ယောလ်လေး ရင့်ဘတ်က အ့"

ရုတ်တရပ် သွေးတွေက ယောလ်လေးပါးစပ်မှစီးကျလာတာကြောင့် စစ်နတ်မင်းအရမ်းလန့်သွားကာ ဘာလုပ်ရမှန်းပင်မသိ

ယောလ်လေးက သူ့ရင်ခွင်ထဲမှာပင် သွေးတွေအန်ရင်း သတိရတစ်ချက် မရတစ်ချက်ဖြစ်နေပြီ

"ယောလ်လေးးယောလ်လေးးသတိထားပါဦး အပြင်မှာဘယ်သူရှိလဲ!!အခုချက်ချင်းသမားတော်ခေါ်ခဲ့စမ်း!!"

အဆောင်တစ်ခုလုံး ပြာယာခတ်နေကာ စစ်နတ်မင်းမျက်ဝန်းမှာလဲ မျက်ရည်တို့ပြည့်လျက်...

ယောလ်လေး...
တစ်ခုခုဖြစ်လို့မဖြစ်ဘူးနော်

ယောလ်လေးဒီလိုဖြစ်တာတောင် ရင်ထဲကသေမတတ်နာကျင်နေရတာ တစ်ခုခုသာဆို..

ဟင့်အင်း...မတွေးရဲဘူး ယောလ်လေးကိုသူအဆုံးရှုံးမခံနိုင်ချေ...

နာကျင်မှုများစွာနဲ့ အိပ်ပျော်သွားတဲ့ ယောလ်လေးရဲ့မြင်ကွင်းက သူ့တွေဝေမှုတွေကို အဆုံးသတ်ပေးလိုက်တယ်

ကိုယ်တော်တောင်းပန်ပါတယ်ကလေးငယ်...
မင်းအတွက်ဒီလိုလုပ်မှဖြစ်မှာမို့ပါ...

ကိုယ်တော် အရမ်းချစ်လို့ပါ ယောလ်လေးရယ်...

"အခုချက်ချင်း ညီလာခံလုပ်ပြီး ရင်သွေးယူဖို့ကိစ္စကို ခွင့်ပြုလိုက်ပါ"

"အရှင်??"

အံ့သြမှုများစွာနဲ့ မော့ကြည့်လာတဲ့ ရှင်းကို အရှင်လှည့်မကြည့်တော့ချေ...

အရှင့်မျက်ဝန်းတွေဟာ အသက်မပါလှပဲ အိပ်ပျော်နေတဲ့ ယောလ်လေးကိုသာ ဝမ်းနည်းမှုအပြည့်ပါတဲ့ မျက်ဝန်းတွေနဲ့စိုက်ကြည့်လို့နေတယ်

~~အသုံးတော်ခံ~~Where stories live. Discover now