"တောင်းပန်ပါတယ်အရှင်...ခွင့်လွှတ်တော်မူပါ ကျွန်တော်မျိုးမအပြစ်တွေပါ ကျွန်တော်မျိုးမကိုပဲအပြစ်ပေးပါအရှင်...မင်းသားလေးမှာအပြစ်မရှိပါဘူး"

သူမမင်းသားလေးကို အတန်တန်သတိပေးခဲ့ပါသည်...

သို့သော်လဲမတတ်နိုင်ချေ...

သူမအသက်နဲ့ မင်းသားလေးရဲ့ပျော်ရွှင်မှုကိုလဲလှယ်လိုက်ရသည်ပဲ...

"ရှင်း...သူ့ကိုသေဒဏ်ပေးလိုက်"

"အရှင်!"

ယောလ်လေး လန့်သွားကာ အရှင့်ကိုမော့ကြည့်မိသည်...
သေဒဏ်?ဟင့်အင်း မဖြစ်ရဘူး အထိန်းတော်ကြီးမှာဘာအပြစ်မှမရှိတာ ယောလ်လေး...ယောလ်လေးကြည့်ချင်တယ်ဆိုလို့သာ မတတ်သာပဲလွှတ်လိုက်ရတာလေ

ယောလ်လေးကြောင့်ဘာလို့?

"မဟုတ်ပါဘူးအရှင် ယောလ်လေးအပြစ်ပါ...ယောလ်လေးအတင်းတောင်းဆိုလို့ အထိန်းတော်ကြီးလွှတ်ပေးခဲ့ရတာပါ ယောလ်လေးကိုပဲအပြစ်ပေးပါအရှင်"

"မင်းသားလေး..."

အထိန်းတော်ကြီး ယောလ်လေးကိုအတင်းခေါင်းခါပြနေသည်...မဖြစ်...သူမမင်းသားလေးကို အထိခိုက်မခံနိုင်ပါ...

မင်းသားလေးကြောင့် သူမသေရရင်တောင် ကျေနပ်ပေမဲ့ မင်းသားလေးကိုတော့ ကာကွယ်ပေးဖို့ သူမမှာတာဝန်အပြည့်ရှိသည်လေ...

"နှစ်ယောက်လုံးသေဒဏ်ပေးခံချင်နေတာလား!"

စစ်နတ်မင်း ယောလ်လေးနားကိုလျှောက်သွားကာ ဒေါသထွက်နေသောမျက်ဝန်းအစုံကြောင့် ယောလ်လေးခေါင်းငုံ့ထားမိတယ်

"မင်းကကိုယ်တော့်အမိန့်ကို ဖီဆန်တယ်ပေါ့လေ?"

ယောလ်လေးဘာမှပြန်မပြောမိပဲ နှုတ်ခမ်းသားလေးတွေကိုဖိကိုက်ထားသည် အရှင်က အနောက်မှာရပ်နေတဲ့ ကိုယ်ရံတော်ဘက်ကိုတစ်ချက်လှည်ကြည့်ရင်း...

"အထိန်းတော်ကိုအချုပ်ထဲထည့်လိုက်ရှင်း ယောလ်ကိုအဆောင်ထဲကအပြင်လုံးဝမထွက်စေနဲ့"

"အမိန့်တော်အတိုင်းပါ အရှင်"

ထို့နောက် အရှင့်ရဲ့ ရဲမက်တွေက အထိန်းတော်ကြီးကိုအတင်းဆွဲခေါ်သွားကြကာ ယောလ်လေးကိုလဲ အဆောင်ထဲခေါ်သွားကြသည်

~~အသုံးတော်ခံ~~Where stories live. Discover now