"ဟို....ယောလ်လေး...အရမ်းနာလို့ပါအရှင်"

ပြောပြီးနှင်းဆီရောင်ပွင့်ဖတ်လေးလို နှုတ်ခမ်းပါးလေးအား တင်းတင်းဖိကိုက်ကာ ကြောက်နေရှာသည်...

မှန်လဲမှန်သည်...

သူတင်းတင်းဖက်ထားတာကြောင့် ယောလ်လေးရဲ့ခါးလေးမှာ နီရဲနေပြီး ဖြူဥသောအသားရည်တွင် လက်ရာပါထင်နေသည်...

တကယ်တော့ ကောင်လေးကအရမ်းနုနယ်လွန်းတာကြောင့် နဲနဲလေးထိလိုက်တာနဲ့ ဖြူဥသောအသားရည်လေးက ရဲတွတ်သွားရသည်

အထိမခံနိုင်တဲ့ ကြွေရုပ်လေးကို သူကြမ်းကြမ်းကိုင်တွယ်ရတာ သဘောကျသည်လေ...

"အ့ အရှင်..."

ခါးသွယ်သွယ်ကို ပိုတင်းကြပ်စွာဖက်လိုက်ရင်း ကောင်လေးနဖူးပေါ်ဝဲကျနေတဲ့ ဆံသားနက်နက်လေးတွေကို လက်နဲ့အသာတို့ထိကာဖယ်ရှားမိတယ်

ထို့နောက် အိစက်ကာဖောင်းဖောင်းလေးဖြစ်နေသော ယောလ်လေးရဲ့ပါးပြင်အား အထဲထိနစ်ဝင်သွားအောင် ဖိကပ်ကာနမ်းလိုက်မိသည်

ကော်ပတ်ရုပ်လေးရဲ့ ပါးပြင်နုနုဟာ သူ့ကြောင့်ပိုပိုကာ ရဲတွတ်သွားလေရဲ့...

ဘယ်လိုတောင်လှရက်ပါဘိ ကလေးငယ်...

"ကိုယ်တော်နေ့တိုင်းဒီအဆောင်ကိုလာနေမိရင် ဘယ်လိုလုပ်ရမလဲ ယောလ်?"

ရှက်ရွံ့စွာခေါင်းငုံ့နေတဲ့ ယောလ်လေးပြန်မော့လာကာ သူ့ကိုမျက်ဝန်းဝိုင်းဝိုင်းလေးတွေဖြင့် မော့ကြည့်နေပြန်သည်

ထို့နောက် ယောလ်လေးကသူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်ရင်း နှုတ်ခမ်းသားပိစိကို ဖိကိုက်ထားပြန်တယ်

"ဟက်!"

ခပ်ဟဟရယ်မောနေတဲ့ အရှင့်မျက်နှာချောချောကို ယောလ်လေးငေးကြည့်နေမိပါသည်

အရှင်ဟာဘယ်အချိန်ဖြစ်ဖြစ် အမြဲတည်ကြည်ခံ့ညားနေပြီး အသက်မပါတဲ့ရယ်မောခြင်းကတောင် အရှင့်ရဲ့နှုတ်ခမ်းကိုထည်ဝါစေတယ်

အရှင်က အရမ်းပြီးပြည့်စုံလွန်းနေတာတော့ ယောလ်လေးငြင်းမရချေ...

~~အသုံးတော်ခံ~~Where stories live. Discover now