အပြင်လောကရဲ့ဗဟုသုတမရှိတာကြောင့် ယောလ်လေးက အရမ်းကြင်နာတတ်သလို အရမ်းကိုဖြူစင်လွန်းသည်

အခုယောလ်လေးအသက် ၁၇ ကျော်ခဲ့ပြီ...

အချိန်တွေကြာလာလေလေ  ယောလ်လေးရဲ့လှပမှုတွေက ပိုတိုးလာခဲ့သလို ယောလ်လေးရဲ့ဖြူစင်မှုတွေကိုလဲ အရောင်ဆိုးချင်သူကများပြားလာတယ်

လက်ဆက်ဖို့အရွယ်ရောက်လာတာကြောင့် သူ့ဂုဏ်သတင်းကိုကြားရတဲ့နိုင်ငံတိုင်းက မင်းသမီးတွေသာမက မင်းသားတွေကပါယောလ်လေးကိုလိုချင်ကြသည်

ယောလ်လေးဘယ်သူ့ကိုမှမရွေးချယ်ခဲ့ပေမဲ့ အချိန်တွေကြာလာတော့ နိုင်ငံအချင်းချင်း စစ်မက်ဖြစ်ဖို့ပါအကြောင်းတွေဖန်လာရတယ်

ဒါကယောလ်လေးကို လိုချင်လို့အပြိုင်အဆိုင်ကြိုးစားရင်း နှစ်နိုင်ငံမတည့်တာတွေဖြစ်လာတာပေါ့လေ

ယောလ်လေးရဲ့နိုင်ငံတော်ဖြစ်တဲ့ ရှီလာနဲ့ခမည်းတော်မင်းကြီးကလည်း ဒီကိစ္စအတွက်ခေါင်းခဲနေခဲ့ရတယ်

တစ်နေ့မှာတော့ ရှီလာနိုင်ငံကို ရာဇသံတစ်ခုကမ်းလှမ်းလာခဲ့တယ်...
အင်အားအကြီးဆုံးဆိုတဲ့ ယွမ်နိုင်ငံကပေါ့...

ယွမ်နိုင်ငံမှာ စစ်နတ်မင်းလို့ လူသိများတဲ့ ဧကရာဇ်အုပ်စိုးတယ်...
သူဟာစစ်ဘက်ရေးရာမှာ ကျွမ်းကျင်လွန်းပြီးတိုက်ခဲ့တဲ့ပွဲတိုင်းဟာ တစ်ခါမှမရှုံးခဲ့ဖူးတာကြောင့် စစ်နတ်မင်းလို့လူတွေကတင်စားခေါ်ဝေါ်ကြသည်အထိ...

စစ်နတ်မင်းက သိပ်ရက်စက်တယ်...
အရမ်းလဲအတ္တကြီးသလို သြဇာအာဏာကလဲ ယွမ်တစ်နိုင်ငံလုံးအပြင် အခြားလက်အောက်ခံနိုင်ငံတွေအပေါ်ကိုပါ သက်ရောက်မှုရှိနေသည်လေ

စစ်နတ်မင်းဆိုတာနဲ့ နိုင်ငံတိုင်းကပြားပြားဝပ်အောင် ကြောက်ရတာမို့ ဒီရာဇသံကလဲ အခက်အခဲတွေကိုဖြေရှင်းပြီးသားဖြစ်ခဲ့ပေမဲ့ ပိုဆိုးစေတဲ့ပြသနာတစ်ခုလဲဖြစ်လာခဲ့တယ်

စစ်နတ်မင်းရဲ့ရာဇသံမှာပါတဲ့အချက်က ယောလ်လေးကိုသူ့ဆီဆက်သရမယ်...
တကယ်လို့ ၁ ပတ်အတွင်းသာ ယောလ်လေးကိုမပို့ခဲ့ဘူးဆိုရင် ရှီလာနိုင်ငံကိုဖျက်ဆီးပစ်မယ်တဲ့လေ

~~အသုံးတော်ခံ~~Where stories live. Discover now