ထယ်ယောင်းတို့က ယွန်းဟိုကိုမြင်လို့အံ့သြနေပါတယ်ဆို
taekookလေးကယွန်းဟိုကိုမြင်မြင်ချင်းသဘောကျကာ
ပွေ့ခိုင်းပြီး အာဘွားတွေပါပေးနေလို့ ထပ်ပြီးအံ့သြရပြန်ရော~
"ထိုင်ကြပါဦး~"
"ဘယ်လိုလုပ် မူကြိုဆရာဖြစ်နေတာလဲယွန်းဟို~"
"အာ~ပြောရမှာအားနာဘေမဲ့ အစ်ကိုထယ်ယောင်းနဲ့လမ်းခွဲပြီးစိတ်တွေကထိန်းချုပ်ရခက်လို့ကျောင်းနားပြီး
မူကြိုဆရာဖြစ်သက်တန်းတက်လိုက်တာ ကလေးတွေနဲ့ထိတွေ့လိုက်တော့စိတ်ကပေါ့ပါးပြီးပျော်ရွှင်ရလို့မူကြိုဆရာဆက်လုပ်ဖြစ်နေတာလေ~"
"အဲ့လိုကိုး~"
ယွန်းဟိုအတွက်ထယ်ယောင်းကအချစ်ဦးဖြစ်ခဲ့တာမို့
လမ်းခွဲပြီးစအချိန်မှာအဆင်မပြေဖြစ်ခဲ့ဘေမဲ့
အခုတော့အရမ်းကိုအဆင်ပြေနေပြီမို့ အချစ်ဦးရဲ့ကလေးကိုတောင်ကျောင်းအပ်လက်ခံပေးလိုက်ပြီ~
"ရပါပြီ လာမယ့်တနင်္လာနေ့ကနေစပြီးကျောင်းတက်နိုင်ပါပြီ~"
"ကျေးဇူးတင်ပါတယ် အဲ့တာဆိုပြန်ဦးမယ်နော်ယွန်းဟို~"
"ဟုတ်ကဲ့ဗျ~"
"သားရေ အိမ်ပြန်ကြရအောင် daddyဆီလာ~"
"သားကိုဒီမှာထားခဲ့~"
"မဖြစ်ဘူးလေ တနင်္လာနေ့မှလာရမှာလေသားရဲ့~"
"ဟင့်အင်း~ပန်းလေးနဲ့နေခဲ့မှာ...မွ~"
"လူကလက်တောက်လောက်နဲ့နှာကထနေသေးတယ်
လာခဲ့taekook ပါးပါးမဆူချင်ဘူးနော်~"
"လိုက်သွားပါသားရယ် တနင်္လာနေ့မှလာခဲ့နော် ဆရာစောင့်နေမယ်~"
"သွားဘူး~"
"daddyကအရုပ်တွေဝယ်ပေးမယ် လာတော့နော်~"
"လာဘူးဆို...အီးးဟီးး~"
ကျောင်းမသွားချင်လို့ငိုမယ်ထင်နေတာကို
အိမ်မပြန်ချင်လို့ငိုတဲ့taekookကြောင့်
ထယ်ယောင်းတို့မှာ အတင်းဆွဲခေါ်သွားပြီးချော့မော့ရတယ်။
"ဒီလိုဆိုတော့ခက်ပြီ darlingသားက
နှာဘူးလေးဖြစ်နေတာ~"
"ဟဟ..မဟုတ်ပါဘူးhoneyရယ် ဒီလိုဘဲ
ကလေးတွေက သူတို့အပေါ်ကြင်နာတဲ့လူကိုခင်တွယ်ကြတာသဘာဝဘဲလေ~"
YOU ARE READING
~~real life~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
💜27💜Final
Start from the beginning
