ဗြောင်အင်လဲAlphaတစ်ယောက်မို့
မြောင်ဟွန်းကိုတွန်းထုတ်လိုက်ရာ အနောက်ကိုလဲကျသွားပြီး
စားပွဲနဲ့တိုက်မိသွားရာ မြောင်ဟွန်းကချက်ချင်းမျက်ရည်တွေဝဲတက်လာတာမို့ ဗြောင်အင်စိတ်မကောင်း~

"ဖယ်ပါလို့ငါပြောသားဘဲ မင်းကအတင်းကပ်နေတာကို~"

"ဟင့်...စိတ်ရှုပ်အောင်လုပ်မိလို့...တောင်းပန်ပါတယ်~"

"ရား~ဘယ်..ဘယ်နားနာသွားသေးလဲ~"

"ခါးမှာ..ဟင့်~"

ခန္ဓာကိုယ်ကြီးမှအားမနာ တရှုံ့ရှုံ့ငိုနေတဲ့မြောင်ဟွန်းကြောင့်
ဗြောင်အင်လဲ တကယ်နာသွားတယ်ထင်ပြီး
သွားကြည့်ပေးရတာပေါ့~

"နည်းနည်းတော့နီသွားတယ်~"

"အဲ့တာကြောင့် အရမ်းနာနေတာ~"

"မင်းကAlphaတစ်ယောက်ဖြစ်ပြီး ဘာလို့အသားအရည်ကအထိမခံနူးညံ့နေတာလဲ~"

"နူးညံ့နေတော့ ဦးလေးကြီးမကြိုက်ဘူးလား~"

"ဘာကိစ္စကြိုက်ရမှာလဲ ကဲ အဆင်ပြေပြီဆိုမင်းပြန်တော့
ငါအလုပ်မအားဘူး~"

"ပြန်လို့မရသေးဘူး ပြောစရာရှိသေးတယ်~"

"လုပ်ပြန်ပြီ ဘာပြောမှာလဲမြန်မြန်ပြော~"

"ဆရာက သူ့သားရဲ့မွေးနေ့ကို ဦးလေးကြီးလာဖို့ခွင့်ပြုပေးလိုက်ပြီ~"

"တကယ်လား ဝမ်းသာလိုက်တာ မွေးနေ့ကဘယ်တော့လဲ~"

"အဲ့တာအသားထားဦး ကျွန်တော်ကိုကတိပေးထားတာရှိသေးတယ်လေ မေ့သွားပြီလား~"

"မမေ့ပါဘူး ဒီညငါ့ရဲ့hotelကိုလာခဲ့
အခန်းနံပါတ်306 အဲ့တာငါ့ရဲ့သီးသန့်အခန်းဘဲ~"

"ဟုတ်ကဲ့ ဒါဆိုရင်ညမှတွေ့ကြမယ်~"

ကျေနပ်ပျော်ရွှင်စွာပြုံးရင်း သူ့ကိုနှုတ်ဆက်သွားတဲ့မြောင်ဟွန်းရဲ့စိတ်ကို ဗြောင်အင်လဲမဖတ်တတ်တာမို့
ကြိုးစားဖတ်မနေဘဲ ကိုယ့်အလုပ်ကိုယ်သာအာရုံစိုက်ထားလိုက်တယ်။

"သား ဘယ်ကိုသွားမှာမို့လို့အဲ့လောက်တက်ကြွနေတာလဲ
taekookလေးဆီကိုမဟုတ်တာတော့သေချာတယ်~"

~~real life~~{Complete}Where stories live. Discover now