ထယ်ယောင်းဆီကခွင့်ပြုချက်ရသွားပြီဖြစ်တဲ့မြောင်ဟွန်းက
ပျော်ရွှင်စွာ ထယ်ယောင်းတို့အိမ်ကနေထွက်လာပြီး
ဗြောင်အင်ရဲ့ကုမ္ပဏီသို့~
"သူလေးလာပြန်ပြီ ချောလိုက်တာ ချစ်စရာလေး~"
"တကယ် အူယားစရာလေး~"
"မင်္ဂလာပါခဗျ~"
"ဟုတ် မင်္ဂလာပါမောင်လေး ceoဆီလာတာလား~"
"ဟုတ်တယ်~ကိုကိုအားနေရဲ့လား~"
"မအားဘူး meetingထိုင်နေတယ်
မမတို့အနားလာထိုင်စောင့်လေမောင်လေး~"
"ရပြီဗျ ကိုကို့ရုံးခန်းထဲဘဲသွားစောင့်တော့မယ် bye bye~"
ဘေးနားမှာပန်းတွေပွင့်နေသည့်အလား
လှပစွာပြုံးပြသွားတဲ့မြောင်ဟွန်းက
reception counterကOmegaမိန်းကလေးနှစ်ယောက်ရဲ့အသည်းကိုလှုပ်ခါစေတာအမှန်~
"နောက်ထပ်အမှားလုပ်တာမျိုး ငါမမြင်ချင်ဘူးနော်~"
"ဟုတ်ကဲ့ပါceo~"
"တကယ်ပင်ပန်း....မင်း ငါ့ရုံးခန်းထဲဘာလာလုပ်တာလဲ~"
Meetingပြီးလို့မန်နေဂျာနဲ့အတူရုံးခန်းပြန်လာတဲ့ဗြောင်အင်က sofaပေါ်ကမြောင်ဟွန်းကိုတွေ့ပြီး
ဒေါသကထွက်လာပြီ~
"စိတ်လျှော့ပါဦးလေးကြီးရယ် ပြောစရာလေးရှိလို့ရောက်လာတာပါ~"
"ဘာပြောစရာလဲ မင်းရဲ့ပြောစရာကမကုန်နိုင်သေးဘူးလား~"
"ဦးလေးကြီးအတွက် ကျွန်တော့်ရင်ထဲကစကားတွေက
ဘယ်တော့မှကုန်မှာမဟုတ်ဘူး~"
ဗြောင်အင်ရဲ့မန်နေဂျာကOmegaဖြစ်တာကြောင့်
သဝန်တိုနေတဲ့မြောင်ဟွန်းဟာဗြောင်အင်ပုခုံးပေါ်ခေါင်းတင်ရင်း မန်နေဂျာကိုကြည့်လိုက်ပုံက ချက်ချင်းထသတ်တော့မလို~
"ဖယ်စမ်းပါ~"
"c..ceo..ခိုင်းစရာမရှိရင် သွားပါတော့မယ်~"
"မသွားနဲ့ဦး ခိုင်းစရာရှိသေးတယ်~"
"သွားခိုင်းလိုက်ပါ ကျွန်တော်တို့စကားပြောရဦးမယ်လေ~"
"မင်းကိုဖယ်လို့ပြောနေတယ်လေ သွားစမ်း!"
"အာ့!"
YOU ARE READING
~~real life~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
