"မနက်စာရပြီhoney~"
"မင်းကိုယ်တိုင်လုပ်ထားတာလား~"
"ဟုတ်တယ်လေ စားကြည့်ပါဦး~"
ပေါင်မုန့်ကြက်ဥကြော်တစ်ချပ်နဲ့ ကြက်ဥပြုတ်တစ်လုံးရယ်
ပန်းပွင့်စိမ်းလေးနဲ့ အသီးအနှံလေးတွေကို
သေသေချာချာပြင်ဆင်ထားပေးတဲ့ထယ်ယောင်းကြောင့်
ဂျောင်ကုလဲ ပန်းပွင့်စိမ်းကိုအရင်ယူစားပေးလိုက်တယ်~
"ဘယ်လိုနေလဲhoney~"
"ဆားအရသာမတွေ့သလိုဘဲ~"
"ကျန်းမာရေးနဲ့ညီညွတ်အောင်ဆားလျှော့ထည့်ထားတာလေ~"
"အဲ့လိုလား~"
"မဟုတ်ဘူး တကယ်တော့ဆားထည့်ဖို့မေ့သွားတာ..ဟဟ~"
"အဲ့တာကြောင့် လုံးဝအရသာမရှိပါဘူးလို့~"
"honeyကသက်သာတယ်နော်
ကိုယ့်တုန်းကဆိုhoneyချက်တဲ့ငံတူးနေတဲ့ဟင်းတွေစားခဲ့ရတာ~"
"အော်ဟော~အခုမှမကျေနပ်ချက်တွေထွက်လာတယ်ပေါ့~"
"အခွင့်ရတုန်းလေးပြောရတာလေ~"
"ငါလဲအိပ်ရေးပျက်ခံပြီးချက်ခဲ့ရတာကွ
မကောင်းတဲ့ကောင်ရ!"
"ဟားဟားး~"
သက်ဝင်လှုပ်ရှားကာရယ်မောနေတဲ့ထယ်ယောင်းက
စူပုပ်နေတဲ့ဂျောင်ကုကိုကြည့်နေရင်း
ယွန်းဟိုကိုသတိရသွားပြန်ရော~
*honeyနေရာမှာ ကလေးလေးဆိုလဲအရမ်းချစ်ဖို့ကောင်းနေမှာ ကလေးလေးကလူကောင်ပိုသေးတော့
ပိုလို့များချစ်ဖို့ကောင်းနေမလား~*
"ထယ်ယောင်း ငါ...အော့~"
"အန်ချင်ပြန်ပြီလားhoney~"
"ပေါင်မုန့်ကြော်က...အော့..ဝေါ~"
ပေါင်မုန့်ကြက်ဥကြော်စားလိုက်တဲ့အချိန်မှာ
ပျို့တက်လာတဲ့ရင်ဘတ်တစ်စုံကြောင့်
နေရာမှာတင် အန်ချမိတဲ့ဂျောင်ကု~
"အဆင်ပြေရဲ့လားhoney~"
"အင်း~ရပြီ အဝတ်စားလဲတော့မယ်
ငါ့ကိုထူပေးဦး~"
"ကိုယ်ယူခဲ့ပေးမယ် ခနလေးစောင့်နေနော်~"
ထယ်ယောင်းကဂျောင်ကုကိုရေစိုဝတ်နဲ့အရင်သန့်ရှင်းပေးကာ
အဝတ်စားတွေလဲပေးပြီး အိမ်ရှေ့ခန်းsofaပေါ်နေရာချပေးလိုက်တယ်~သူကတော့ မနက်စာပန်းကန်နဲ့
ဂျောင်ကုအန်ထားတဲ့အညစ်အကြေးတွေကိုသိမ်းရတာပေါ့~
YOU ARE READING
~~real life~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
