"ဖြစ်ခဲ့ပြီးမှတော့ တောင်းပန်နေလဲဘာထူးတော့မှာလဲ~"
"မထူးဘူးဆိုတာသိပါတယ် ဒါဘေမဲ့ လူချင်းတွေ့ပြီး
စိတ်ရင်းနဲ့တောင်းပန်တာပါ~"
"မသိလို့မေးပါရစေ အခုလိုလမ်းခွဲမယ်ဆိုရင်
ဘာလို့များအစကတည်းကကျွန်တော့်ကိုချစ်မိအောင်လုပ်ခဲ့သေးလဲ~"
"အမှန်အတိုင်းဝန်ခံပါတယ် ကိုယ်မင်းကို
လက်ထပ်ဖို့အထိရည်ရွယ်ခဲ့တာပါ ဂျောင်ကုကလဲဒါကိုလက်ခံလို့ ဒီနှစ်ကုန်ရင်ကွာရှင်းဖို့တိုင်ပင်ထားတယ်~"
"ဒါဆိုရင်ဘာလို့???"
"ကိုယ့်ရဲ့မဆင်ခြင်မှုကြောင့် ဂျောင်ကုမှာ
ကိုယ်နဲ့ရတဲ့ကိုယ်ဝန်ရှိသွားခဲ့တယ် အဲ့တာကြောင့်
ကိုယ်သူ့ကိုပစ်မထားခဲ့နိုင်တော့ဘူး ကိုယ့်ကိုနားလည်ပေးပါ~"
ထယ်ယောင်းကယွန်းဟိုကိုသေသေချာချာရှင်းပြပြီး
တောင်းပန်လိုက်တော့ ယွန်းဟိုရင်ထဲဝမ်းနည်းပူဆွေးမှုတော့ရှိနေဘေမဲ့လဲ နားလည်ခွင့်လွတ်ပေးလိုက်တယ်လေ~
"ဂျယ်ယောင်း~"
"အော်~ဂျောင်ကုပါလား~"
*ဖြောင်း!*
"အာ့!"
မြို့ပတ်လျှောက်လည်ပြီးလို့မိဘအိမ်သွားတဲ့ဂျောင်ကုက
ဂျယ်ယောင်းကိုတွေ့လို့ နှုတ်ဆက်တဲ့အနေတဲ့ပါးရိုက်ပေးလိုက်တယ်လေ~
"မင်းကြောင့် အကုန် ကမောက်ကမတွေဖြစ်ကုန်တာ
မင်းသာယွန်းဟိုကိုသွားမပြောပြခဲ့ရင် အားလုံးအေးအေးဆေးဆေးဘဲ~"
"ဟ~ဒီမှာဂျောင်ကု တကယ်ဆိုရင်မင်းကငါ့ကို
ကျေးဇူးတောင်တင်ရဦးမှာလေ ဘာတွေလာစိတ်ဆိုးနေတာလဲ~"
"ဘာကျေးဇူးလဲ ငါတို့တွေစကားများရန်ဖြစ်
ထယ်ယောင်းနဲ့ယွန်းဟိုတို့လဲပြတ် အဲ့အတွက်လား
အရူးထမနေနဲ့ မင်းလုပ်နေတာတွေအကုန်လုံးကမင်းရဲ့ခံစားချက်အတွက်ချည်းဘဲ~"
"ဟုတ်တယ် အဲ့တော့ဘာဖြစ်လဲ ငါခံစားခဲ့ရသမျှအကုန်
မင်းတို့လဲပြန်ပြီးခံစားရမှာပေါ့~"
"ဘယ်သူကမင်းကိုခံစားခိုင်းခဲ့လို့လဲ မင်းဟာမင်း
အမူလွန်ပြီးထယ်ယောင်းနဲ့မညားခဲ့တာလေ
အချိန်လွန်မှနောင်တကိုအသက်သွင်းမနေနဲ့~"
YOU ARE READING
~~real life~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
