*ငါကသာ အားမလိုအားမရဖြစ်နေတာ သူလဲ
ခက်ခဲတဲ့ရွေးချယ်မှုတွေကြား ပင်ပန်းနေမှာဘဲ~*
"ထယ်ယောင်း~"
"ဟင်?..honey ဆေးလိပ်နံ့တွေနံတယ်လေ
အခန်းထဲပြန်ဝင်နေ ဘာလိုလဲပြောကိုယ်ယူပေးမယ်~"
"ငိုချင်ရင်ငိုချလိုက်နော်ထယ်ယောင်း
ငါ့ကိုမင်းရဲ့ဇနီးလို့မမြင်ဘဲ သူငယ်ချင်းလို့မြင်ပြီးရင်ဖွင့်လို့ရတယ် ပွင့်လင်းလို့ရတယ်~"
"............."
"မင်းအတွက်ငါရှိနေမယ် ငါ့ကိုယုံလို့ရတယ်~"
ဂျောင်ကုပြောလိုက်တော့ ထယ်ယောင်းတစ်ယောက်
မျက်ရည်တွေစီးကျလာကာ ဂျောင်ကုကိုဖက်ပြီး
အားရပါးရငိုလိုက်လေရဲ့~
"ကိုယ်အရမ်းပင်ပန်းနေပြီhoney
ကိုယ်တကယ်ကိုပင်ပန်းနေပြီ~"
"ငါသိတယ် မင်းအနာယူဖို့လိုနေပြီဆိုတာ~"
"ဟာ~ရူးတော့မလိုဘဲ~"
"အဆင်ပြေသွားမှာပါ မင်းကတော်ပါတယ်~"
တစ်ဘက်ကအရမ်းချစ်ရတဲ့အပြစ်မရှိတဲ့ချစ်သူ
ကျန်တစ်ဘက်ကဗိုက်တစ်လုံးနဲ့ပစ်မထားခဲ့နိုင်တဲ့ဇနီးဆိုတော့
ထယ်ယောင်းအတွက်လဲ ရွေးချယ်ဖို့ခက်ခဲတာဘဲလေ~
*ငါတို့ရဲ့ဘဝအစစ်အမှန်ကိုဖုံးကွယ်ပြီး
အပျော်ကြူးခဲ့သမျှ အခုတော့ဒုက္ခရောက်ရပြီ~*
ထယ်ယောင်းတင်မက ဂျောင်ကုပါ
ဝမ်းနည်းစွာငိုကြွေးပြီး ငိုလို့ဝမှ
အခန်းထဲဝင်အိပ်ကြရာ မနက်လင်းတော့ဂျောင်ကုကမထနိုင်~
"honey...ထတော့လေ မိုးလင်းနေပြီ~"
''ဟင်?...အင်း ဘယ်နနှစ်နာရီရှိပြီလဲ~"
"ကိုးနာရီခွဲပြီ~"
"ဟုတ်လား ငါတော်တော်အိပ်မိသွားတာဘဲ~"
ပြောရင်းနဲ့ထယ်ယောင်းကဂျောင်ကုကိုကြည့်လိုက်တော့
မနေ့ကနဲ့ယှဥ်ရင် တော်တော်လေးအဆင်ပြေနေပုံပေါ်တာကြောင့် သူလဲအိပ်ယာပေါ်ကထကာ
ရေချိုးအဝတ်စားလဲပြီးထွက်လာလိုက်တယ်။
"ဟင်?...အလုပ်မသွားသေးဘူးလားထယ်ယောင်း~"
"ကိုယ်အလုပ်မသွားဘူးလို့ပြောထားတယ်လေ
ပြီးတော့Ommaတို့ရောက်နေကြတယ်~"
YOU ARE READING
~~real life~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
