"အဲ့တာတွေနောက်မှပြောရအောင်ပါ အခုအရင်ထမင်းစားရအောင်နော်~"

ထယ်ယောင်းကတားနေတာကြောင့် ဂျောင်ကုလဲ
ဘာမှမပြောတော့ဘဲအိပ်ယာပေါ်ကထ
ထမင်းစားရာ ထယ်ယောင်းကအပြုံးမပျက်အရင်အတိုင်းဘဲ~

*မင်းရဲ့မျက်နှာကပြုံးနေဘေမဲ့ မင်းရဲ့ရင်ထဲမှာငိုနေတာကို
ငါသိပါတယ်ထယ်ယောင်းရာ~*

ထမင်းစားပြီးကြတာနဲ့ နှစ်ယောက်သား
ဘာစကားမှမပြောကြတော့ဘဲ ကိုယ့်ဟာကို
စိတ်အပန်းပြေမယ့်အကြောင်းတွေသာတွေးရင်း
တစ်ညတာကိုကုန်ဆုံးလိုက်ကြတယ်။

"မင်းအလုပ်မသွားသေးဘူးလားထယ်ယောင်း~"

"မသွားဘူး တစ်နေ့လုံး ငါမင်းကိုအဖော်ပြုပေးမယ်~"

"မလိုပါဘူးကွာ ငါ့အကြောင်းမင်းမသိတာလဲမဟုတ်ဘဲနဲ့
ငါကအပျော်ရှာတဲ့နေရာမှာတော်တဲ့လူလေ~"

"ဒါဘေမဲ့အခုမင်းကကိုယ်ဝန်ကြီးနဲ့လေ ထိခိုက်လွယ်တဲ့ကာလလဲဖြစ်တယ်~"

"အလုပ်သွားပါထယ်ယောင်း ငါအဆင်ပြေတယ်~"

သူ့ရဲ့တိုက်တွန်းမှုကြောင့် တွန့်ဆုတ်တွန့်ဆုတ်နဲ့
ထယ်ယောင်းအလုပ်သွားလိုက်တာနဲ့ ဂျောင်ကုလဲ
သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ဆေးရုံတစ်ခုဆီသို့~

"ကလေးဖျက်ချချင်လို့ပါdoctor~"

"ကလေးအဖေရဲ့လက်မှတ်လိုတယ် မဟုတ်ရင်
ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုပေးပါ~"

"ကလေးအဖေကဘယ်သူမှန်းမသိလို့ဖျက်ချချင်တာပါ~"

"ကိုယ်ဝန်ကဘယ်နှစ်လရှိပြီလဲ~"

"နှစ်ပတ်ဘဲရှိသေးတယ် ကလေးတောင်မဖြစ်သေးဘူး
အစက်ကလေးဘဲရှိသေးတယ်~"

"အစက်ကလေးတဲ့လား သူရဲ့နှလုံးခုန်သံကိုနားထောင်ကြည့်ချင်လား~"

"ဟုတ်~"

ဆရာဝန်ရဲ့စကားကြောင့် ဂျောင်ကုလဲ
ကလေးရဲ့နှလုံးခုန်သံကိုနားထောင်ရာ
ကလေးရဲ့နှလုံးခုန်သံက တည်ငြိမ်နေတဲ့ရေပြင်ကျယ်ကြီးပေါ်ကို ရေပေါက်ကလေးတွေ တစ်စက်ချင်းကျနေတဲ့အသံမျိုး~

*ထယ်ယောင်းရဲ့Pheromoneနံ့က ဆောင်းသစ်တောရနံဖြစ်ပြီး သူ့ရဲ့ကလေးကအေးမြတဲ့ရေပြင်ကျယ်ကြီးလိုဘဲ
တကယ်လိုက်ဖက်တယ်~*

~~real life~~{Complete}Donde viven las historias. Descúbrelo ahora