"မတည်နိုင်တဲ့ကတိကိုမပေးတာကောင်းမယ်နော်~"
"ကိုယ်ကတည်နိုင်ပါတယ် honeyကသာလက်မခံနိုင်မှာ~"
"ဘာလို့လက်မခံနိုင်ရမှာလဲ ငါ့က ငါ့ကိုဦးစားပေးတာကိုအကြိုက်ဆုံးဘဲလေ~"
"ဒါဆိုရင်ရပြီလေ~"
"အွန်း~ငါလဲဝန်ခံမယ် ငါက အမြဲတမ်းနံပါတ်တစ်ဘဲဖြစ်ချင်တာ~"
"ရတယ် ဖြစ်စေရမယ် honeyအတွက်လက်ဆောင်ရှိတယ်~"
ပြောပြီးတာနဲ့ ထယ်ယောင်းကလှပတဲ့လက်ဆောင်ဘူးလေးကိုပေးလို့ ဂျောင်ကုဖွင့်ကြည့်ရာ ဆွဲကြိုးတစ်ကုံးဖြစ်နေပြီး
ဆွဲသီးကလှပတဲ့ပုလဲလုံးလေးကို တလက်လက်ထနေတဲ့စိန်တွေနဲ့လှပစွာစီချယ်ထားတာ~
"အရမ်းလှတာဘဲ ငါကတော့မင်းအတွက်လက်ဆောင်မဝယ်ထားဘူး~"
"ရပါတယ် မလိုပါဘူး ကိုယ်ပေးတဲ့လက်ဆောင်ကိုသာလက်ခံပေး honeyဝတ်ချင်ဝတ်ထား မဝတ်ချင်ရင်လဲသဘော~"
"ငါ့အတွက်ဒါကိုဝတ်ပေးနိုင်မလား~"
"ဝတ်ထားမှာလား ဝမ်းသာလိုက်တာ~"
ထယ်ယောင်းကဝမ်းသာပျော်ရွှင်စွာ
လှပတဲ့ဆွဲကြိုးလေးကိုဝတ်ပေးတော့
ဂျောင်ကုရင်ထဲမှာတစ်မျိုးလေး~
"ထင်တဲ့အတိုင်းဘဲ honeyနဲ့အရမ်းလိုက်တယ်~"
"လှလား~"
"လှတာပေါ့ အရမ်းလှတယ်...မွ...ပြွတ်စ်~"
ထယ်ယောင်းကဂျောင်ကုရဲ့နဖူးလေးကိုတစ်ချက်နမ်းပြီး
နှုတ်ခမ်းဖူးဖူးလေးကိုနမ်းချိန်မှာတော့
ခံစားချက်တွေက ဟိုးအရင်တုန်းကလို~
"အမလေး သူတို့ကနှစ်ယောက်တည်းမွေးနေ့ကျင်းပနေပြီ~"
"ဟာ~ပါးပါး..omma~"
"လာထိုင်ကြပါဦး~"
"အေးပါ Ommaတို့ကသားတို့ကို
မွေးနေ့partyလေးကျင်းပပေးမလို့ စားစရာတွေဝယ်လာတယ်~"
"ကိုယ့်မွေးနေ့ကိုမေ့နေကြမယ်လို့တောင်ထင်ထားတာ
သားတို့ကမမေ့ဘဲ Cakeလေးတောင်လုပ်ထားကြသေးတယ်ပေါ့~"
"kookieကမေ့နေတာဟုတ်တယ် darlingကမမေ့လို့သာ~"
"အော် အံ့သြပါ့ အလုပ်များတဲ့သူကမမေ့ဘဲ အလုပ်မရှိအကိုင်မရှိကောင်ကမေ့ရတယ်လို့~"
YOU ARE READING
~~real life~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
