"ဟုတ်ကဲ့ကိုကို~"
"မဟုတ်တာထယ်ယောင်းရာ ရှေ့မှာထိုင်ခိုင်းလိုက်ပါ
ငါကနောက်မှာဘဲ အေးဆေးထိုင်လိုက်ခဲ့မယ်~"
ဘယ်လောက်ဘဲထယ်ယောင်းဆီကဦးစားပေးမှုကိုရရ
လူမှုရေးနားလည်တဲ့ဂျောင်ကုက
အခြေနေအရအဆင်ပြေအောင်နေပေးတယ်လေ~
"ကျေးဇူးဘဲဂျောင်ကု အခုဘယ်ဆိုင်ကိုသွားကြမလဲ~"
"မင်းရဲ့ကောင်လေးကိုမေးလေကွာ~"
"ကျွန်တော်ကဘယ်ဆိုင်ဖြစ်ဖြစ်ရပါတယ် ကိုကို့သူငယ်ချင်းကဘဲရွေးပါ~"
"အဲ့တာဆိုလဲ ငါ့ရဲ့အကြိုက်ဆုံးဆိုင်ကိုသာမောင်းတော့~"
"Ok~"
စားသောက်ဆိုင်ကိုသွားနေတဲ့လမ်းတစ်လျှောက်
ထယ်ယောင်းကကားမောင်းရင်း သူ့ကောင်လေးရဲ့လက်ကိုကိုင်ထားပြီး တဖွဖွနမ်းနေတာမို့ ဂျောင်ကုက အကဲကိုပိုတယ်ဆိုတဲ့အကြည့်နဲ့~
"ကလေးလေးဘာစားမလဲ~"
"ကိုကိုမှာပေးတာစားမယ်~"
"ချစ်ဖို့ကောင်းအောင်ကွာ...မွ~"
ထယ်ယောင်းကသူ့ကောင်လေးအတွက်လဲမှာပေးသလို
ဂျောင်ကုအကြိုက်ကိုသိနေတော့လဲ ဂျောင်ကုအတွက်ပါ
မှာပေးတာပေါ့~
"ကဲ~သူက ကိုကို့ရဲ့ငယ်သူငယ်ချင်းဂျောင်ကုနဲ့
ဂျောင်ကု ဒါလေးကတော့ငါ့ရဲ့ချစ်သူလေး
ဂျောင်ယွန်းဟိုတဲ့~"
"အော်~တွေ့ရတာဝမ်းသာပါတယ်နော်ညီလေး~"
"ဟုတ်ကဲ့ ကျွန်တော်လဲဝမ်းသာပါတယ်
ကိုကို့ကိုခင်သလိုဘဲ ကျွန်တော့်ကိုလဲခင်လို့ရပါတယ်~"
သူ့ဘက်ကနင်နဲ့ငါပြောရင်တောင်မကြိုက်တဲ့ထယ်ယောင်းက
အခုတော့ယွန်းဟိုရှေ့မှာ ထယ်ယောင်းကိုယ်တိုင်
မင်းနဲ့ငါပြောလာတော့ ဂျောင်ကုအံ့သြမိတာအမှန်~
*ဒီကောင်လေးကိုတော်တော်ကြိုက်တဲ့ပုံဘဲ
ကြိုက်ရင်လဲကြိုက်ချင်စရာလေးကို~*
"ဖြည်းဖြည်းစားကလေးလေး နင်သွားမယ်~"
"အဟွန်း~"
"hon...အာ...ဂျောင်ကုမင်းလဲစားလေ
မင်းကြိုက်တာတွေမှာထားပေးတာကို~"
YOU ARE READING
~~real life~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
