"မတွေ့တာကြာပြီနော်ဂျယ်ယောင်း~"
"နင့်ကိုကတော့ အမြဲတမ်းtvမှာမြင်နေရတယ်
နင်ကသူဌေးကြီးဖြစ်နေပြီနော်~"
"ဟဟ~အဲ့လောက်လဲမဟုတ်ပါဘူး အခုဘယ်မှာအလုပ်လုပ်နေလဲ အဆင်ပြေရဲ့လား~"
"အင်း~ကိုယ်ပိုင်ဆေးရုံမဖွင့်နိုင်သေးတော့
သူများရဲ့အလှအပဆိုင်ရာဆေးရုံမှာအလုပ်ဝင်လုပ်နေတယ် အဆင်ပြေလားဆိုတော့ သုံးနိုင်ရုံလောက်ပေါ့~"
"အားမငယ်ပါနဲ့ ကိုယ်လဲအရင်ကတော့
သူများဆေးရုံမှာလုပ်ခဲ့ရတာဘဲ~"
"အင်းပါ ဟို~ဂျောင်ကုနဲ့လက်ထပ်ပြီးပြီမဟုတ်လား
သူရောမပါဘူးလား~"
"ပါတယ် မုန့်သွားစားနေတာထင်တယ်
သိတဲ့အတိုင်းဘဲသူက အစားတစ်လိုင်းလေ..ဟဟ~"
"သူငယ်ချင်းဆိုပြီး နောက်ဆုံးတော့လက်ထပ်သွားကြတယ်နော်~"
"မိဘတွေအတင်းလက်ထပ်ပေးလို့ပါ အခုလဲ
သူ့စိတ်ကြိုက်ကိုယ့်စိတ်ကြိုက်လွတ်လွတ်လပ်လပ်နေကြတယ်လေ~"
"နင်တို့လက်ထပ်လိုက်တာကိုသိသိချင်း ငါ့မှာငိုလိုက်ရတာအရမ်းဘဲ~"
"ဟင်? ဘာဖြစ်လို့လဲ~"
"ငါကဘဲမင်းရဲ့အချစ်ဦးဖြစ်ခဲ့တာမဟုတ်ဘူးလေ
မင်းကလဲငါ့ရဲ့အချစ်ဦးဖြစ်ခဲ့တယ်~"
"ဘယ်လို???"
"ဟုတ်တယ်~ငါ့ကိုဇွဲရှိရှိနဲ့အကြာကြီးလိုက်ခဲ့တာမင်းဘဲရှိတာ
ငါ့နှလုံးသားထဲမင်းရောက်လာတဲ့အခါမှ မင်းကငါ့ထက်သူငယ်ချင်းပါဆိုတဲ့ဂျောင်ကုကိုရွေးသွားတယ်လေ~"
"မရည်ရွယ်ဘဲအသည်းခွဲမိသွားတာဘဲ တောင်းပန်ပါတယ်~"
"ရပါတယ်~အခုမင်းနဲ့ ပြောပြောဆိုဆိုနေလို့ရတယ်မဟုတ်လား~"
"ရတာပေါ့ ဘာလို့မရရမှာလဲ~"
ထယ်ယောင်းတို့တွေစကားပြောတာအရမ်းကြာနေပြီမို့
အဝေးကကြည့်နေတဲ့ဂျောင်ကုလဲထပ်မစောင့်နိုင်တော့ဘဲ
အနားကိုသွားကာ ထယ်ယောင်းလက်မောင်းကိုဖက်သွယ်လိုက်လေရဲ့~
"Darling~honeyအိမ်ပြန်ချင်ပြီ~"
"ပျင်းပြီလား~"
"အွန်း~အရမ်းပျင်းနေပြီ စားစရာတွေလဲကုန်ပြီ~"
YOU ARE READING
~~real life~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
