"ဘာလုပ်တာလဲအစ်ကို~"
"အစ်ကို့သားကအခုမှစပြီးသင်ယူတာဆိုတော့
ဘာတစ်ခုမှစားလို့မရဘူးလေ~"
"ဘာလို့မရရမှာလဲ ပေး~"
"မစားလိုက်နဲ့နော်ညီမ~"
"ကျွန်မမစားဘူး~သားရေ ထယ်ယောင်း
သားရဲ့ဇနီးချက်ထားတဲ့မနက်စာလေး စားပါဉီး~"
ငိုနေတဲ့ဂျောင်ကုကိုချော့နေတုန်း
သူ့အမေယူလာတဲ့ပန်းကန်ပြားထဲက
ဂျောင်ကုလုပ်ထားတယ်ဆိုတဲ့မနက်စာကိုကြည့်လိုက်တော့
ဖင်တစ်ခြမ်းလုံးမီးတူးနေတဲ့ကြက်ဥကြော်
လူပေါက်သတ်ရင်တောင်သေနိုင်တဲ့မုန်လာဥနီအတုံးတွေ
ဆီအိုင်ထဲပျော်ပါးနေတဲ့အသားပြား~~~~
"ပန်းပွင့်စိမ်းကတော့ စားကောင်းမယ့်ပုံဘဲ~"
"မြည်းကြည့်လေ ကျန်တာတွေကိုလဲကုန်အောင်စား~"
"ဗျာ??"
"သားကလဲ kookieလေးကပင်ပင်ပန်းပန်းလုပ်ပေးထားတာလေ ကုန်အောင်စားမှပေါ့~"
အရမ်းချိုသာနေရင်ကြောက်ဖို့ကောင်းတဲ့အမေအကြောင်းသိတဲ့ထယ်ယောင်းက ပုံမပျက်တဲ့ပန်းပွင့်စိမ်းကိုယူစားရာ
ငံလိုက်တဲ့ဆားဆိုတာ ချိုထွက်လာပြီလားစမ်းကြည့်ရသည်အထိ~
"စား အကုန်ကုန်အောင်စားနော်သား
Ommaကြည့်နေမယ်~"
"ညီမ~"
"ရတယ်အစ်ကို ဘာမှမဖြစ်ဘူး သားကလိမ္မာတယ်~"
ကြောက်စရာအပြုံးကြီးနဲ့ကြည့်နေတဲ့အမေဖြစ်သူကြောင့်
တစ်ခုမှစားမကောင်းတဲ့မနက်စာကို
ထယ်ယောင်းအကုန်စားပြီးချိန်မှာတော့Mrs.kimက
ဂျောင်ကုကို မနက်စာကောင်းကောင်းကျွေးတယ်လေ~
"အဝတ်စားလဲတော့Kookie ကျောင်းသွားကြမယ်~"
"ဟင့်...ကျောင်းရောက်မှ ကိုကိုနဲ့တိုင်ပြောပစ်မယ်~"
"ဟုတ်ပါပြီ ငါလဲငါ့အသဲကိုဖက်ပြီး အသဲခွံ့ကျွေးတဲ့
အရသာရှိတဲ့မုန့်တွေစားရမယ်~"
"မြန်မြန်သွားကြစို့~"
နှစ်ယောက်သား ရည်းစားတွေနဲ့တွေ့ရဖို့ အားခဲပြီး
ကျောင်းသွားလိုက်ရာ ကျောင်းသားတွေက
သူတို့ကိုကွက်ကြည့်ကွက်ကြည့်~
YOU ARE READING
~~real life~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
