"အဲ့လိုပြောနေတာမင်းကကြုံဖူးလို့လား~"

"ဒီမှာထယ်ယောင်း ဒီကိစ္စကကြုံဖူးစရာမလိုဘူး
မင်းစောင့်ကြည့်နေလိုက် ငါရည်စားထားရင်လဲ အဲ့လိုဘဲထားမှာ လူတစ်ယောက်တည်းအတွက်ခံစားမနေဘူး~"

ဂျောင်ကုပြောသလို နောက်တစ်ယောက်ကိုပြောင်းကြိုက်ကြည့်တဲ့ထယ်ယောင်းကအဖြေချက်ချင်းရရုံမက
နောက်လူကဂျယ်ယောင်းထက်တောင်လှတာမို့အဆင်ပြေနေရောဘဲ~

"ကိုယ်~သဲကိုချစ်ရဲ့လားဟင်~"

"ချစ်တာပေါ့..မွ~"

"အဲ့တာဆိုရင်လေ ညနေကျောင်းဆင်းရင်
အိမ်ပြန်လိုက်ပို့ပေးပါလား~"

"မဖြစ်ဘူး ကျောင်းဆင်းတာနဲ့အိမ်တန်းပြန်ရမှာ~"

"ဟင်? ဘာဖြစ်လို့လဲ ကိုယ်က အထက်တန်းကျောင်းသားလဲမဟုတ်ဘဲနဲ့~"

"ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းနဲ့တွေ့ရမှာမို့လို့ပါ~"

"သူငယ်ချင်းကအရေးကြီးတာလားသဲကအရေးကြီးတာလားပြော~"

"အမှန်တိုင်းပြောရရင် သူငယ်ချင်းကအရေးကြီးတယ်
ဘာလို့ဆို သူကကိုယ့်ရဲ့ငယ်သူငယ်ချင်းမို့လို့လေ~"

"ကိုယ်~သဲက တစ်ခြားကိစ္စတွေကိုနားလည်ပေးနိုင်တယ်
သူငယ်ချင်းပါဆိုတဲ့လူနဲ့ရှုပ်တာကိုတော့
လုံးဝနားမလည်ပေးနိုင်ဘူးနော်~"

"ရှုပ်တာတော့မဟုတ်ပါဘူး သူ့ကို အရာအားလုံးထက်ဦးစားပေးပါ့မယ်လို့ကတိပေးထားလို့~"

ထယ်ယောင်းက ဂျောင်ကုနဲ့သူ့ရဲ့ပတ်သက်မှုကို
အားလုံးနီးပါးပြောပြလိုက်တော့ ရည်စားဖြစ်သူက
လုံးဝသဘောမကျ~

"kookie~~"

"ထယ်ယောင်း~"

"ဟဟ...မွ...လွမ်းနေခဲ့တာ~"

"ငါရောဘဲ မင်းကိုအရမ်းလွမ်းနေတာ~"

ကျောင်းပြန်တာနဲ့ပြေးဖက်အလွမ်းသယ်ကြတဲ့ထယ်ယောင်းနဲ့ဂျောင်ကုက အရင်လိုဘာမှမပြောင်းလဲဘဲ
ထယ်ယောင်းရဲ့ရည်းစားတွေသာ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားတယ်လေ~

"ဒီနေ့သင်ခန်းစာကဘယ်လိုလဲ~"

"အဆင်ပြေပါတယ် မင်းရော အခုကောင်မလေးနဲ့အဆင်ပြေလား~"

~~real life~~{Complete}Kde žijí příběhy. Začni objevovat