"ဟာ မင်းကလဲ အဖွားဆီသွားမှတော့ အိမ်မှာနေတာနဲ့ဘာကွာတော့မှာလဲ~"
"ပိုပြီးလွတ်လပ်တယ်လေကွာ~"
"ဘာကလွတ်လပ်မှာလဲ အဖွားတွေကပိုလို့စည်းကမ်းကြီးတယ် ပြီးရင်မရောက်သေးဘူးလား ဘယ်ရောက်နေပြီလဲလို့ ဖုန်းတဂွမ်ဂွမ်ဆက်မေးမှာ~"
"အဲ့အတွက်စိတ်မပူပါနဲ့ ငါ့တာဝန်ထား~"
နယ်ဘက်ကထယ်ယောင်းအဖွားဆီအလည်သွားမှာမို့လို့
မိဘတွေကစိတ်ချလက်ချသွားခွင့်ပြုလိုက်ရာ
ထယ်ယောင်းရယ်ဂျောင်ကုရယ်နှစ်ယောက်တည်း~
"ငါမပျော်ဘူးနော်ထယ်ယောင်း~"
"လာပါကွာ ပျော်အောင်လုပ်ပေးမှာပါ~"
"မဟုတ်ရင်တော့ မင်းအသေဘဲ~"
"အင်းပါ~"
စူပုပ်ကောက်ချိတ်နေတဲ့ဂျောင်ကုကို
ထယ်ယောင်းကကားဂိတ်ဆီချော့ခေါ်သွားပြီး
ကားစီးကြလေရဲ့~
"နယ်ဘက်သွားတဲ့ကားက ဘာလို့လူကျပ်နေတာလဲ~"
"လမ်းတစ်ဝက်လောက်ဆိုလူကြဲသွားမှာ~"
"ဟုတ်လို့လား~"
"ဟုတ်တယ် ငါ့ကိုယုံလိုက်~"
နယ်ဘက်သွားတဲ့ကားကလူကျပ်တဲ့အပြင်
ပစ္စည်းတွေပါပြည့်ကျပ်နေတာမို့
ဂျောင်ကုတစ်ယောက်စိတ်ရှုပ်နေတာအမှန်~
"ရေမဆာဘူးလားKookie~"
"ဆာတယ် ရေဘူးယူပေးဦး~"
"အဆင်သင့်ဘဲ~"
ထယ်ယောင်းကရေဘူးယူပေးရုံမက
အဖုံးပါတစ်ခါတည်းဖွင့်ပေးလိုက်တာမို့
ဂျောင်ကုလဲကျေနပ်စွာယူသောက်လေရဲ့~
"ခရီးကဝေးလိုက်တာ ထိုင်ရတာခြေထောက်တွေတောင်ညောင်းနေပြီ~"
"ငါ့ပေါင်ပေါ်ကိုတင်ခဲ့ ငါနှိပ်ပေးမယ်~"
"ဟဲဟဲ အဲ့တာကြောင့်မင်းကိုချစ်နေရတာ~"
"အပိုတွေလုပ်မနေနဲ့ ခနကတော့စူပုပ်နေပြီးတော့~"
"အဲ့တာမင်းကြောင့်လေ~"
~~Ring~~Ring~~
"အဖွားဆက်တာဘဲ~"
"ငါပြောတယ်မဟုတ်လား ဖုန်းတဂွမ်ဂွမ်ဆက်မှာပါလို့~"
YOU ARE READING
~~real life~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
