"မရဘူး မရဘူး သွားချင်တာ...အီးဟီးး~"
"kookieမင်း ပြောလေကဲလေမလုပ်နဲ့နော်~"
"အီးးဟီးးး...night-outထွက်ချင်တာ~"
"ငါရိုက်ချင်လာပြီနော်kookie တကယ်ရိုက်မိတော့မယ်~"
မြေကြီးပေါ်လူးလိမ့်အော်ငိုနေတဲ့ဂျောင်ကုကြောင့်
Mrs.jeonတစ်ယောက် တုတ်တစ်ရွယ်ရွယ်လုပ်နေပြီး
တကယ်ရိုက်ရင်ဝင်တားရအောင်Mrs.kimနဲ့ထယ်ယောင်းကအသင့်~
"ခွင့်ပြုပေးလိုက်ပါတော့အစ်ကိုရယ် ထယ်ယောင်းလဲပါတာဘဲ~"
"မဖြစ်ဘူး သူ့အဖေသိရင်မိုးမီးလောင်မှာ
အရွယ်မရောက်သေးတဲ့omegaကညဘက်အပြင်မထွက်သင့်ဘူး~"
"ထွက်ချင်တာ...အီးးဟီးးး~"
"မင့်Appaပြန်လာမှခွင့်တောင်းလိုက်
ငါတော့ခွင့်မပြုပေးရဲဘူး~"
ဂျောင်ကုက အရမ်းဂျီကျတာမို့ သူ့ရဲ့Alphaအဖေပြန်လာတော့လဲ တားမရပြုမရ နောက်ဆုံး
ထယ်ယောင်းလဲပါမှာဆိုတော့ ည8နာရီအိမ်အရောက်ပြန်လာရမယ်ဆိုပြီးလွတ်ပေးလိုက်ရတာပေါ့~
"မငိုနဲ့တော့နော်kookie ငါ့မှာမုန့်ဖိုးအများကြီးပါတယ်
မင်းကိုမုန့်ဝယ်ကျွေးမယ်~"
"ဟင့်...အသားကင်စားချင်တာ~"
"ဝယ်ကျွေးမှာပေါ့ အများကြီးဝယ်ကျွေးမှာ~"
ထယ်ယောင်းက ဂျောင်ကုရဲ့လက်ကိုကိုင်ဆွဲကာ
ပါလာတဲ့မုန့်ဖိုးနဲ့ ဂျောင်ကုစားချင်တာတွေ
လိုက်ဝယ်ကျွေးရတယ်။
"အချိုရည်ရောသောက်ဦးမလားဂျောင်ကု~"
"သောက်မှာ ချဥ်တာလေးဝယ်ပေး~"
"လိုက်ခဲ့လေ ကြိုက်တာရွေး~"
"လိုက်...ဟိုမှာရေခဲခြစ်သည် အချိုရည်မသောက်တော့ဘူး
ရေခဲခြစ်စားမယ်~"
"ကောင်းသားဘဲ ငါလဲကြိုက်တယ်~"
ညမှောင်စ အေးစိမ့်စိမ့်အချိန်မှာ
ရေခဲခြစ်ဝယ်စားကြတဲ့ထယ်ယောင်းတို့က
အရင်ဝယ်ထားတဲ့အကင်ကိုလဲလက်မှာဆွဲလျှက်~
"မြစ်ဘေးမှာ မုန့်သည်အရမ်းပေါတာဘဲ~"
"လူလဲများတယ် ပျော်စရာတော့ကောင်းသား~"
YOU ARE READING
~~real life~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
