ကလေးနှစ်ယောက်လုံးမူလတန်းနောက်ဆုံးနှစ်ကိုရောက်လာကြတော့ဂျောင်ကုကအရမ်းထွားလာပြီး
ထယ်ယောင်းကသေးသေးညှက်ညှက်လေးဖြစ်နေတာ~
"လူတိုင်းကငါ့ကိုOmegaဖြစ်မယ်လို့ပြောကြတယ်ဂျောင်ကုရာ~"
"ငါ့ကိုလဲလူတိုင်းAlphaဖြစ်မယ်လို့ပြောကြတယ်~"
"ငါတို့ရဲ့လိင်ကမတူရင် ကျောင်းအတူတူမတက်ရတော့ဘူးကွ~"
"ဟုတ်တယ်~ဒါဘေမဲ့ ငါတို့ကဗီဇမှမပေါ်သေးတာ
ငါကalphaမဟုတ်ဘဲbetaဖြစ်လာရင်ကျောင်းအတူတူတက်လို့ရတယ်လေ~"
အထက်တန်းကျောင်းမှာကAlphaနဲ့Omegaကို
မဖြစ်သင့်တာမဖြစ်ရအောင် ကျောင်းတစ်ကျောင်းတည်း
တက်ခွင့်မပြုထားဘဲ တက္ကသိုလ်မှသာအတူတက်လို့ရတာမို့
အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်အတွက်
သူတို့ရဲ့လိင်အတွက် စိတ်လှုပ်ရှားနေကြတာပေါ့~
"တကယ်လို့ ဗီဇပေါ်လာရင်လဲ ဒီအတိုင်းဆိုရင်ဘယ်လိုလုပ်မလဲ ငါတို့တွေအမြဲတမ်းခွဲပြီးနေရမှာ~"
"ဘာမှမပူပါနဲ့ ငါကAlphaဖြစ်ပြီး မင်းကomegaဖြစ်လာခဲ့ရင် မင်းကိုလက်ထပ်မယ်
အဲ့တာဆိုအတူတူနေရမှာလေ~"
"အင်း~"
Omegaဖြစ်လာမယ်လို့မှတ်ချက်ပေးခံရတဲ့ထယ်ယောင်းက ဂျောင်ကုဆီကသူ့ကိုတာဝန်ယူမယ်
ကာကွယ်မယ်ဆိုတဲ့စကားတွေကြားရတာကိုလုံးဝမကြိုက်~
*betaဖြစ်ပါစေ betaဖြစ်ပါစေ~*
"ကဲကွာ...ဟာ~"
အလယ်တန်းနောက်ဆုံးနှစ်ကိုရောက်လာချိန်မှာ
AOBစစ်ဆေးချက်လုပ်ရတာမို့ စစ်ဆေးချက်ရလဒ်ကို
ထယ်ယောင်းဖွင့်ဖောက်ကြည့်ချိန် မထင်မှတ်ထားစွာ
သူ့ရဲ့ရလဒ်က89%Alphaဖြစ်နေလေရဲ့~
"Alphaဆိုရင်kookieနဲ့အတူတူဘဲပေါ့
ကောင်းလိုက်တာ~"
"ထယ်ယောင်းရေ!"
"kookie!"
"ငါက93%Omegaတဲ့ မင်းနဲ့အတူတူဘဲ ကျောင်းအတူတူတက်ရတော့မယ်~"
ဝမ်းသာအားရပြောပြလာတဲ့ဂျောင်ကုစကားကြောင့်
ခနကပျော်နေတာတောင်ပျောက်သွားတဲ့ထယ်ယောင်းက
သူ့ရဲ့စစ်ဆေးချက်ရလဒ်ကိုပြလိုက်ကာ နှစ်ယောက်သားဖက်ငိုပြီးအိမ်ပြန်သွားတော့တယ်။
YOU ARE READING
~~real life~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
