~~26years ago~~
"အစ်ကို့ရဲ့ကိုယ်ဝန်က ဘယ်နှစ်လရှိပြီလဲ~"
"8လရှိပြီ ညီမကရော~"
"ညီမကိုယ်ဝန်လဲရှစ်လဘဲ ဒီနှစ်ကနဂါးနှစ်ဆိုတော့
သူငယ်ချင်းတွေက ကလေးယူသင့်တယ်ပြောလို့~"
"အစ်ကိုလဲအတူတူဘဲ နှစ်ကောင်းတာရော
အသက်ရလာတာရောကြောင့်ကလေးယူလိုက်တာ~"
အိမ်နီးချင်းတွေဖြစ်ကြတဲ့အသက်32နှစ်အရွယ်
male omega Mrs.jeonနဲ့အသက်26နှစ်အရွယ်
female omega Mrs.kimတို့က အရမ်းခင်ကြပြီး
ကိုယ်ဝန်အတူတူဆောင်မိကြတော့ ပိုလို့ခင်မင်သွားကြကာ
နေ့တိုင်းအတူလမ်းလျှောက်ရင်းစကားပြောကြပါရော~
"မွေးခါနီးဖွားခါနီးလမ်းများများလျှောက်ရမှာကို
ယောကျာ်းကအလုပ်ကျပ်နေတော့အိမ်ပြန်နောက်ကျတယ် လမ်းကိုအတူတူမလျှောက်ရဘူး~"
"အိမ်ကလူကြီးလဲဘာထူးလို့လဲ တစ်နေ့တစ်နေ့
အစည်းဝေးဆိုလား မိတ်ဆုံစားပွဲဆိုလား
အိမ်ကိုနောက်ကျမှပြန်တယ်လေ လာပါ ညီမလက်ကိုကိုင်ထား အတူတူလမ်းလျှောက်ရအောင်~"
"မဟုတ်တာဘဲ ညီမလဲ မပေါ့မပါးကြီးနဲ့ကို~"
"ရပါ...အာ့~"
"ဘာဖြစ်တာလဲညီမ ဗိုက်နာလို့လား~"
"ဟုတ်တယ် မွေးတော့မယ်ထင်တယ်~"
"ဆေးရုံကားခေါ်လိုက်မယ် ခနလေးနော်ညီမ...အား~"
ဆေးရုံကားခေါ်ဖို့လုပ်တဲ့Mrs.jeonတစ်ယောက်
သူပါဗိုက်နာလာပြီး ဆေးရုံကားလာတာနဲ့
နှစ်ယောက်အတူလိုက်ပါသွားပြီး ကလေးမွေးကြရာ
ကလေးကို တစ်ချိန်တည်းတစ်ပြိုင်တည်းမွေးလိုက်ကြရုံမက
မွေးလိုက်တာတွေကယောကျာ်းလေးတွေချည်း~
"ထူးဆန်းလိုက်တာနော် ဘယ်လိုတောင်
တစ်ချိန်တည်းမွေးရတာလဲ~"
"တကယ်ကိုအံ့သြစရာပါဗျာ ခဗျားသားနဲ့ကျွန်တော့်သားက
အတူတူထွက်လာဖို့များတိုင်ပင်ထားကြတာလားမသိဘူး~"
"ဟုတ်ပါ့ဗျာ~ဟားဟားး~"
ဗိုက်ကြီးတာလဲတူပြီး တစ်နေ့တည်းတစ်ချိန်တည်း
မွေးတာမို့ မွေးနေ့မွေးရက်တူတဲ့ကလေးနှစ်ယောက်ကို
မိဘတွေကအမြဲအတူထားပေးပြီး မွေးနေ့ကိုလဲအတူတူလုပ်ပေးတယ်လေ~
YOU ARE READING
~~real life~~{Complete}
Fanfictionဤficသညျ စာရေးသူ၏ စိတျကူးသကျသကျသာဖွဈသညျ🙃 ဤficသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်🙃
