အလောင်းကောင် ရုပ်သေးရုပ်များ၏ အနှောင့်အယှက်များ မရှိတော့တာကြောင့် စစ်ကူသွားသော စစ်သည်များသည် ရာသီဥတု နေပူ ပူ မိုးရွာ ရွာ အချိန် မဆွဲတော့ဘဲ ခရီးဆက်လာခဲ့ကြတာကြောင့် တစ်လခန့်အကြာတွင် နယ်စပ်မြို့ ရှင်းခရိုင်ငယ်သို့ ရောက်ရှိလာခဲ့ကြသည်။ဤ ကာလအတွင်းမှာပဲ ရှင်းနူ များဦးဆောင်သော တပ်များက စုစည်းပြီး နောက်ထပ် မြို့ နှစ်မြို့ကို ထိန်းချုပ်ဖို့ အပြိုင်အဆိုင် အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။
လက်ရှိတွင် ရှင်း ခရိုင်နယ်လေးသည်လည်း ထောင်ချောက်ထဲတွင် ရောက်ရှိနေသော အနေ အထား ဖြစ်နေခဲ့သည်။သူတို့ စိတ်ထဲမှာ ဒီစစ်ပွဲ အောင်မြင်မလား ရှုံးနိမ့်မလားဆိုတဲ့ သံသယ အနည်းငယ် ရှိလာခဲ့ကြသည်။စစ်သည်များက အပြင်ထွက်တိုက်ပွဲဝင်မယ့် အစီအစဉ်ကနေ မြို့ တွင်း တိုက်ပွဲသို့ ပြောင်းဘဲခဲ့ကြသည်။ဤကဲ့သို့ အရှိန်အဟုန်ဖြင့် စစ်ကူများသာ အချိန်မှီ မရောက်လာခဲ့ရင် ရှင်း ခရိုင်ငယ်လေးသည် မကြာမီသို့မဟုတ် နောက်ပိုင်းတွင်း ကျဆုံးသွားလိမ့်မည်ဖြစ်သည်။
ကံကောင်းထောက်မစွာနဲ့ ဤမြို့ကို စောင့်ကြပ်နေကြသော စစ်သည်များအတွက် အချိန်အတော်ကြာ မိုးခေါင်ပြီးနောက် ပထမဦးဆုံး ကြိုဆိုတဲ့ မိုးသဖွယ် အဖြင့် ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် စစ်ကူများ အချိန်ကိုက်ဆိုသလို ရောက်ရှိလာခဲ့သည်။စစ်ကူ များရောက်ရှိလာတာကြောင့် မူလ မြို့ကို စောင့်ကြပ်နေသာ စစ်သည်များကို အားမာန်တတ်ကြွ သွားစေရုံသာမက လျှပ်တပြတ် အတွင်းမှာပဲ မူလကရင်ဆိုင် ကြုံတွေ့နေရသော ခုခံ တိုက်ခိုက်ဖို့ အခြေအနေကို ပြောင်းပြန်လှန်လိုက်သလို ဖြစ်စေခဲ့သည်။ သူတို့၏ ကျဆုံးမလို ဖြစ်နေတဲ့ အခြေအနေကို မြှင့်တင်လိုက်နိုင်ပေမယ့် အဲ့ဒါက ယာယီမျှသာ ဖြစ်ပြီး ကြာရှည်မခံနိုင်ပေ။ ကျောက်ကန်း ၊လုကျန်း
Meng liang နှင့် မူလက မြို့ကို စောင့်ကြပ်နေကြသော စစ်ဗိုလ်ချုပ်များသည် ရန်သူကို အပြင်းအထန် တိုက်ခိုက်ရန် စစ်တပ်ကို ဦးဆောင်ခဲ့သည်။၎င်းတို့သည် ရန်သူကို အပြတ်အသတ် တိုက်ခိုက်ပြီး မြို့နှစ်မြို့ကို ပြန်လည် သိမ်းပိုက်ခဲ့သည်။ မရေတွက်နိုင်သော စစ်သားများသည် ဤကဲ့သို့ ပြောင်းပြန် လှန်လိုက် နိုင်သော အခြေအနေကြောင့် အရမ်းကို ဝမ်းသာပျော်ရွှင်သွားကြပြီး ဝမ်းသာ မျက်ရည်များ ကျခဲ့ကြသည်။
YOU ARE READING
How I Survived Transmigration With My Ghost Hubby(MM Translation)
RomanceJi Ran ကစိုက်ပျိုးရေးဘွဲ.ရတစ်ေယာက်ဖြစ်သည် သူမိုးကြိုးပစ်ခံရပီး သေဆူံးသွားပီးနောက် ရှေးခေတ်ကို ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ နောက်တော့ အဲ့မှာ သူဟာယောကျ်ားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။အဆိုးဆုံးကတော့ သူလက်ထပ်လိုက်တဲ့လူက သေဆုံးသွားတဲ့ ဝိညာ ဉ် တခုနဲ့တဲ့လေ ပ...
