"မင်းရဲ့ မရီး ယောက်ဖက မင်းရဲ့ ဒုတိယ မရီးရဲ့ ခလေးကို မွေးစားလိုက်တယ်လို့ ငါကြားတယ်။" ကျောက်ယုအန်းက ပြောလိုက်တယ်။
"မင်းဆီကနေ ဘာမှ ဖုံးကွယ်ထားလို့ မရဘူးဆိုတာ အမှန်ပါပဲလား သခင်လေး ကျောက် ၊ဒါပေမယ့် အခု သူက ငါ့ရဲ့ မရီးယောက်ဖ မဟုတ်တော့ဘူး"လုချန်းရန် က ပြောလိုက်တယ်။
"အိုး, ဘယ်လို ဖြစ်သွားတာလဲ?
ဒီကလေးရဲ့ ခြေထောက်တွေမှာ ခြေချောင်း ခြောက်ချောင်းဆီ ပါတယ်။ကျွန်တော်တို့ မိသားစုက သူ့ကို မပြုစု မပျိုးထောင် နိုင်ဘူး။ ကျီယန်က သူ့ကို မွေးစားချင်တယ်ဆိုပြီး ကွာရှင်းစာချုပ်ကို ယူပြီး လုမိသားစုနဲ့ အဆက်ဖြတ်လိုက်တယ်။
"ခြေချောင်းတွေက ၁၂ ချောင်းတောင်ရှတာလား၊အဲ့ဒါက အတုကြီး မဖြစ်နိုင်ဘူးလား၊ တကယ်သာဆိုရင် ဒီလို ယုတ်ညံ့တဲ့ ခလေးကို ဖယ်ထုတ်ဖ်ို့ အကောင်းဆုံး နည်းလမ်း က ဘုရားကျောင်းကို ပို့တာ ဒါမှမဟုတ်ရင် သူ့ကို ကွပ်မျက်ပစ်လိုက်တာပဲ။ဒါပေမယ့် သူက ဘာလို့ မွေးစားလိုက်ရတာလဲ၊ မင်းရဲ့ ဒုတိယ မရီး ကိုယ်ဝန်ကြီးနဲ့တုန်းက သူမကို ကံတရားက ဒဏ်ခတ် လက်စားချေ လိမ့်မယ်လို့ လူသိရှင်ကြား သူကပြောခဲ့တာလေ၊ အခုတော့ မင်းရဲ့ ဒုတိယ မရီးရဲ့ ဗိုက်ထဲကနေ ခလေး က တခြားသူတွေ ထက် ခြေနှစ်ချောင်း ပိုပြီးမွေးလာခဲ့တယ်"
"သခင်လေး ကျောက်ကဘာကို ဆိုလိုချင်တာလဲ"
"ဒီခလေးက ကျိန်စာ သင့်တာပဲ"ကျောက်ယုအန်းက ပြောလိုက်တယ်။
"ကျိန်စာ"
"ချန်းရန် အဲ့နေ့က မင်းရဲ့ ဒုတိယ မရီးပြောခဲ့တာကို မှတ်မိသေးလား၊ကျီယန်က နတ်ဆိုးတစ်ကောင် ဖြစ်ပြီး နတ်ဆိုးတွေကို မောင်းထုတ်ဖို့ ကိုတောင် အဝါရောင် အဆောင် ကိုတောင် သုံးခဲ့သေးတယ်လေ" ကျောက်ယုအန်းက ပြောလိုက်တယ်။
နံရံရဲ့ တစ်ဖက် အခန်း က ကျီယန်သည် ထိုစကားများကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ကျီယန်ရဲ့ မျက်နှာက တင်းမာနေသော်လည်း လုကျန်းကတော့ သူနဲ့မတူပဲ သူ့မျက်လုံးများက နက်မှောင်နေပြီး သူ့နှုတ်ခမ်းထောင့်များက ခနဲ့သော အပြုံးကို ပြုံးလိုက်တာကြောင့် ကွေးတတ်သွားခဲ့တယ်။
ВЫ ЧИТАЕТЕ
How I Survived Transmigration With My Ghost Hubby(MM Translation)
Любовные романыJi Ran ကစိုက်ပျိုးရေးဘွဲ.ရတစ်ေယာက်ဖြစ်သည် သူမိုးကြိုးပစ်ခံရပီး သေဆူံးသွားပီးနောက် ရှေးခေတ်ကို ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ နောက်တော့ အဲ့မှာ သူဟာယောကျ်ားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။အဆိုးဆုံးကတော့ သူလက်ထပ်လိုက်တဲ့လူက သေဆုံးသွားတဲ့ ဝိညာ ဉ် တခုနဲ့တဲ့လေ ပ...
