အပိုင်း(၈၁)နန်းတော်မှ တစ်စုံတစ်ယောက်လာခဲ့သည်၁

2.6K 279 10
                                        

သူတို့နှစ်ယောက်က စကားပြောရင်း မကြာမီပင် ခြံရှေ့သို့ ရောက်လာခဲ့သည်။

ဦးလေးချန်သည် အချိန်အတော်ကြာထဲက သတိပြန်ဝင်လာပြီး ယခု တံခါးဝတွင်ရှိနေကာ  သူ့အား သတင်းလာပေးသည့် စစ်သား တစ်ဦးကို နှုတ်ဆက်လိုက်သည်။အဝေးကကျီယန်က ဦးလေးချန်က ခေါင်းညိမ့်ပြပြီး စစ်သားကို တစ်ခုခုပြောပြီး ဖိတ်ခေါ်တဲ့ညအမူအယာတွေကို လုပ်နေတာကို မြင်ရပေမယ့် စစ်သား က တည့်တည့်ကြီး မလှုပ်မယှက်ရပ်နေတာကြောင့် ဦးလေးချန်က သူ့နဖူးပေါ်ကိုညချွေးတွေကို အပြုံးနဲ့သုတ်ဖို့က လွဲရင် ရွေးချယ်စရာ မရှိဖြစ်နေပါတယ်။

"အရာရှိ လူကြီးမင်း ,အဝေးကနေ ရောက်လာပြီး အရင်ထွက်လာပြီး မနှုတ်ဆက်မိလို့ တောင်းပန်ပါတယိ ခွင့်လွှတ်ပေးပါ"ကျီယန်သည် စစ်သားဆီသို့ အလျှင်အမြန်လမ်းလျှောက်လာပြီး အနားမရောက်ခင်မှာပင် သူက တလေးတစားဦးညွတ်ပြီး နှုတ်ဆက်လိုက်သည်။

ကျီယန်က အလွန်ယဥ်ကျေးစွာ ပြုမူနေသောကြောင့် သူ့နောက်မှာ ရှိနေတဲ့ လုကျန်းက သူ့လက်ကို ဆန့်ပြီးတားလိုက်တာ မမှီလိုက်ပေ။"မင်းက စစ်သူကြီးရဲ့ ဇနီး တစ်ယောက်ပါ ၊နိမ့်ကျတဲ့ သာမာန်စစ်သားကို ဘာလို့ဦးညွတ်နေတာလဲ"လုကျန်းကို ထိုစစ်သားက မမြင်နိုင်သော်လည်း ကျီယန်သူ့ကို ဦးညွတ်လိုက်တော့ စစ်သားက မျက်လုံးပြူးသွားခဲ့သည်။

လုကျန်းသည် ကျင့်ဝတ်များကို အလွန်အမင်း ဂရုစ်ိုက်သူမဟုတ်ပေ။ကျီယန်က ယဥ်ကျေးစွာ ပြောဆိုလွန်းရက် တစ်ခြားသူတွေက သူ့ကို နှိမ့်ချစွာ ဆက်ဆံမှာကို သူစိုးရိမ်နေခဲ့သည်။ကျီယန်သည် စစ်သူကြီး ၏​ဇနီး တစ်ဦးဖြစ်သော်လည်း ထိုလူများ၏အမြင်တွင် သူသည် နိမ့်ကျသော လယ်သမားတစ်ဦးဖြစ် နေဆဲသည်။ကျီယန်က သူတို့မပေါ် ယဥ်ကျေးလွန်းရင် အနိုင်ကျင့်တဲ့ ယောကျ်ားတစ်ချို့ရှိခဲတယ်။ကျီယန်သည် ခရိုင်တရားသူကြီးကို နှိမ့်ချပြီး ယဥ်ကျေးစွာ ဆက်ဆံသောအချိန်တွင် လုကျန်းသည် ထိုနေရာတွင်မရှိခဲ့ပေ။သို့သော်လည်း တရားသူကြီးသည် စစ်သူကြီး၏ ဇနီး ကျီယန်၏ လာဘ်ထိုးမှု့ကို လက်ခံခဲ့သည်။

How I Survived Transmigration With My Ghost Hubby(MM Translation)Where stories live. Discover now