အပိုင်း(၉၇)လုကျန်းပြန်လာပြီ

3.1K 280 4
                                        

လု​ကျန်း​သည် ရက်ပေါင်းများစွာ အဝေးကိုထွက်သွားပြီးတဲ့နောက် တရုတ်နှစ်သစ်ကူးနားနီးမှ ပြန်လာခဲ့သည်။

သူပြန်ရောက်လာတဲ့ အချိန်ကာလ သန်းခေါင်ကျော်နေပြီ ဖြစ်သည်။လုကျန်းသည် စောင်အောက်တွင် နွေးနွေးထွေးထွေး အိပ်ပျော်နေသော ကျီယန်ကို အေးစက်သောလေတွေနဲ့ စနောက်ပြီး ကျီယန်ကို အကြိမ်ပေါင်းများစွာ နှာချေစေခဲ့သည်။

"အား  လူယုတ်မာ ,အား ဟတ်..ဟတ်ချိုး "ကျီယန်သည် အကြိမ်ပေါင်းများစွာ နှာချေပြီးတဲ့နောက်မှာ နှာခေါင်းကို မကျေမနပ်နဲ့အုပ် ကိုင်လိုက်ရင်း "မင်း ငါ့ကို အေးခဲပြီး သေသွားစေချင်တာလား"

လုကျန်းသည် ကျီယန်ရဲ့ ခါးကို လှမ်းပြီးဖက်လိုက်ချင်ပေမယ့်လည်း သူက ရပ်တန့်လိုက်ပြီး ဒေါသ အနဲငယ်ထွက်နေသော လေသံဖြင့် " မင်းအရင်က အဲ့လို တစ်ခါမှ မဖြစ်ဖူးဘူးလား"

"မင်း ထွက်သွားပြီး ပျောက်နေတာ တစ်လခွဲလောက်ရှိပြီလေ၊ ငါက နေတိုင်း စောင်တွေအောက်မှာ နွေးနွေးထွေးထွေး ရှိနေတာလေ  အရမ်းကို နွေးနေတာပဲ၊ အခု မင်းပြန်လာတော့ လုံးဝကို အေးခဲသွားတာပဲ၊ ငါ ဒီဟာတွေကို သုံးလည်း အသုံးမဝင်တော့ဘူး"ကျီယန်ကပြောလိုက်ပြီး သူ့နှာခေါင်းကို ပွတ်သပ်လိုက်တယ်။ဒါပေမယ့် သူ့ဒေါသအနဲငယ် ပြေသွားတဲ့အချိန်မှာတော့ ဝမ်းနည်းအားငယ်မှု့တွေ ရောက်ရှိနေတဲ့ လုကျန်းကို တွေ့လိုက်ရတယ်၊လုကျန်းရဲ့ ပုံစံကိုမြင်တော့ ကျီယန်က မခံစားနိုင်တော့ပဲ လုကျန်းရဲ့ လက်မောင်းကို လှမ်းကိုင်ကာ "အိပ်ကြမယ်"လို့ပြောပြီး လှဲချလိုက်တယ်။

"အင်း."လုကျန်းက သူနဲ့ ကျီယန်ကို  တမင်တကာ အကွာအဝေး အနဲငယ်ခြားထားပြီး လှဲချလိုက်ကာ သူ့လေသံကတော့ အားငယ်နေတဲ့အသံ နဲ့ဖြေလိုက်တယ်။

ကျီ​ယန်​က အိပ်ချင်နေပြီဖြစ်သော်လည်း လုကျန်းရဲ့ အသံကိုကြားလိုက်ရသောအခါ သူက အိပ်ချင်စိတ် ပျောက်သွားခဲ့တယ်။သူက  သူ့ခေါင်းကို လှည့်ကာလုကျန်းရဲ့မျက်နှာကို ကျော်ပြီးကြည့်လိုက်တယ်။ခနနေတော့ အေးစက်နေပေမယ့် နူးညံ့ကြင်နာမှုတွေ ရှိတဲ့ လုကျန်းရဲ့နံဘေးကို နဲနဲရွှေ့လိုက်၊ ခနကြာ နဲနဲ ရွှေ့လိုက်နဲ့ အချိန် ခနကြာတဲ့အခါမှာတော့ သူ့ရဲ့ကျောပြင်နဲ့ လုကျန်းရဲ့ ရက်ခွင်က ပွတ်တိုက်မိသွားပြီး ကျီယန်က အေးစက်တုန်ယင်နေတဲ့ တုန်လှုပ်မှု့ကြောင့် သွားများကို နှစ်ကြိမ်လောက် ကြိတ်လိုက်မိတယ်။

How I Survived Transmigration With My Ghost Hubby(MM Translation)Where stories live. Discover now