အပိုင်း(၈၇)လုကျန်း၏ ဂူ

2.9K 279 12
                                        

ကျီယန်သည် လုကျန်း၏ baiqi နေ့တွင် သူ့ရဲ့ အုတ်ဂူကို သွားသင့်သော်လည်း ထိုအစီအစဥ်ကို လန်းရှောင်လန်က အနှောင့်အယှက်ပေးခဲ့သည်။ အဲ့နောက်ပိုင်းမှာတော့ ကျီယန်က အမြဲတမ်းအလုပ်များနေပြီး သွားဖို့ကို အချိန်မရှိခဲ့ပါဘူး။ထို့အပြင် လုကျန်းသည်လည်း သူ၏ သချ်ိုင်း ဂူ ကိစ္စကို တစ်ခါမှ မပြောခဲ့ပေ။ကျီယန်က သူ့ကို ခနခနမေးရင်တောင် လုကျန်းက သူ့ကို ရှင်းရှင်းလင်းလင်း မပြောပြဘူး။လုကျန်း၏ သချိုင်းဂူတွင် လျှို့ဝှက်ချက်များ ရှိနေတာလားလို့ ကျီယန်က တွေးလိုက်မိသည်။

သို့သော်လည်း ကျီယန်သည် အတွေးလွန်နေခဲ့ခြင်းဖြစ်သည်။လုကျန်းက သူ့ ဂူ အကြောင်းကို ဘာမှ မပြောပဲ လျှို့ဝှက်ဆန်းကြယ်လွန်းတာကြောင့် ပင်ဖြစ်သည်။ လုကျန်းအတွက်ကတော့ ပေါက်တူးနဲ့ တူးလိုက်ရင် အဝါရောင်မြေကြီးနဲ့ အရိုးဖြူတွေကလွဲရင် တကယ့်ကို ဘာမှမဟုတ်ဘဲ ရိုးရှင်းလွန်းတယ်လို့ ခံစားမိတာကြောင့် ကျီယန်ကို သွားကြည့်ဖို့ပြောဖို့ကညမလိုအပ်ဘူးလို့ ထင်ခဲ့တာဖြစ်သည်။အခုသူက ကျီယန်နဲ့ အတူရှိနေခဲ့သည်မလား။သူ့ သချိုင်းကို ဘာလို့သွားကြည့်ဖို့ လိုမှာလဲ။ထို့အပြင် သူက အနာဂတ်တွင် သေချာပေါက် လူပြန်ဝင်စားမည် ဖြစ်သည်။သူ၏ အလောင်းနှင့် သချိုင်းဂူသည် သူ့အသက်ဝိညာဥ် ၏ သယ်ဆောင်သူသာဖြစ်ပြီး(အဲ့နား နားမလည်ဘူး)၄င်းနဲ့ ပတ်သက်ပြီး အခုသူနဲ့ ဆက်နွယ်မှု့မရှိတော့ပေ။အဲ့ဒါက သူ့ယခင် ဘဝနဲ့သာ သက်ဆိုင်သည်။

လုကျန်းသည် ယခင်အတိုင်းပင် မရေမရာ မပြောတော့သော်လည်း ကျီယန်၏ လေးနက်သော အမူအယာကို မြင်သောအခါ ကျီယန်၏ ဆုံးဖြတ်ချက်ကို မကန့်ကွက်နိုင်တော့ပေ။

"ငါ့ကို မင်းရဲ့ သချိုင်းဂူဆီကို ခေါ်သွားပေးပါ။အဲ့အခါမှ ပွဲတော်ကာလတွေမှာ မင်းကို အမွှေးတိုင်တွေ လှူနိုင်လိမ့်မယ်၊အဲ့ဒါဆို မင်းရဲ့ပြန်ဝင်စားမယ့် အစီအစဥ်မှာလည်း အထောက်အပံ ဖြစ်ရင်ဖြစ်လိမ့်မယ်၊လူဝင်စား ကျောက်တုံးတွေက ရှာရ အရမ်းခက်တယ်၊အမွှေးနံ့သာနဲ့ ပူဇော်တာက မင်းရဲ့ ကျင့်​ကြံခြင်းအတွက် အသုံးဝင်တယ်ဆိုရင် ငါမင်းကို ကူညီပေးနိုင်တယ်၊ငါပြောတဲ့ ဒီနည်းကလည်း ဟုတ်တယ် မဟုတ်လား"ကျီယန်က လုကျန်းကို ကြည့်ပြီးပြောလိုက်တယ်။ဒါပေမယ့် လုကျန်းရဲ့ အုတ်ဂူက အရမ်းကို ညစ်ပတ် ရှုပ်ပွနေလားဆိုတာကိုလည်း သိချင်နေခဲ့တယ်။လုကျန်းရဲ့ပုံတူကိုတောင် ဒီကျောက်ပြားထက် ပိုကြီးတဲ့ အထိမ်းအမှတ်  အဖြစ် ထုလုပ်ထားချင်နေသေးတယ်။အဲ့ဒါဆိုရင် ဘယ်သူမှ သူ့ဆီက မလုယူနိုင်တော့ဘူး။

How I Survived Transmigration With My Ghost Hubby(MM Translation)Where stories live. Discover now