အပိုင်း(၄၂)တစ်ယောက်ယောက်က နှောက်ယှက်ခြင်း ၂

3.9K 433 7
                                        

"သရဲ ခြောက်တယ်"ဆိုတဲ့ စကားသည် လူတိုင်း၏ ခေါင်းထဲတွင် မမျှော် လင့်ပဲ ခုန်ပေါက်သွားခဲ့သည်။အခန်းတံခါးမှ လေတိုက်သောကြောင့် အသံထွက်ပေါ်လာခဲ့သည်။ထို အသံကိုကြားလိုက်တော့ လူအုပ်ကြီးက တုန်လှုပ်သွားခဲ့ကြတယ်။တ​စ္ဆေ အငွေ့အသက် လူတွေကို နှိုးဆော်ပြီး သူတို့ကို အေးခဲစေတယ်။လူပေါင်းများစွာက အတူတူ ရပ်နေကြတယ်။အဆုံးမှာတော့ သူတို့ဆံပင်များပင် ထောင်နေသလို ခံစားလိုက်ရတယ်။

"ဟေး,ဘာဖြစ်တာလဲ အဲ့ကိုသွား ကြည့် ကြစမ်း" အချိန် တစ်ချို့ကြာပြီးနောက်မှာတော့ အဖွားလုက "သွားအောင်,ဒီမှာပဲ ရပ်မနေကြနဲ့၊ ညစာသွားစားကြ ရအောင်"သူမက စကားမဆုံးခင် မှာပင်   သူမ အမြန်ထွက်ခဲ့ပြီး သူမ၏ ခြေထောက်များက ဘီးတပ်ထားသလို လှုပ်ရှားနေခဲ့သည်။

အဖွားလုထွက် သွားသည်နှင့် အခြားသူများမှာ သဘာဝ အလျောက် သူတို့လည်း ဆက်မနေရဲပဲ အဖွားလုနောက်မှ ထွက်လိုက် သွားကြသည်။ဒီဘက်ခန်းကို တော့ တစ်စုံ တစ်ယောက်ထက်လာဖို့ဆိုတာက အချိန်အတော်ကို ကြာမှ လာဖြစ်လိမ့်မယ်။

လုချန်းရန်နဲ့ ကျောက်ယုအန်းတို့သည် လူအုပ်၏ နောက်ဆုံးတွင် အလျှင်စလိုမဟုတ်ပဲ ဖြေးဖြေး သာ လျှောက်လာခဲ့ကြပြီး လမ်းတစ်ဝက်တွင် လုချန်းရန်က ရုတ်တရက် ရပ်လိုက်ပြီး ဘေး ခန်းကို လှည့်ကြည့်လိုက်သည်။

ကျောက်ယုအန်းက အသံကို တိုးပြီး"ဒီနေ့ ဖြစ်ပျက်သွားတာတွေက ထူးဆန်းတဲ့ အချိန်တစ်ခုမှာ ဖြစ်သွားခဲ့တာ၊တကယ်လ်ု့ အဲ့ဒီ့ အကြောင်းကိုမင်းစိုးရိမ်နေရင် ,ငါတို့တွေ တာကို ဘုန်းတော်ကြီးကို ရှာပြီး ကြည့်ခိုင်းလ်ို့ရတယ်"

ဒါပေမယ့် လုချန်းရန်ကသံသရှိစွာ နဲ့ နှာမှုတ်လိုက်ပြီး သူ့ခေါင်းကို ခါလိုက်တယ်၊""ငါက တစ္ဆေကို မလို အပ်ပဲနဲ့ မကြောက်ဖို့ လူတွေကို ပြောချင်တာ၊ပြီးတော့ သူကခနရပ်လိုက်ပြီး ဆက်ပြောလိုက်တယ်"တကယ်လို့ တစ္ဆေ တစ်ကောင် ဒီလောက်တောင် အစွမ်းထက်တယ်ဆိုရင် သူဒီလောက် လွယ်လွယ်နဲ့ သူမှာ မဟုတ်ဘူး"။ထို့အပြင် လူတို့သည် ဖယောင်းတိုင်မီးများ လောင်ကျွမ်းသွားသလို တဖြည်းဖြည်းနဲ့ သေဆုံးသွားကြရသည်။ထိုအ သေသူများ၏ ခန္ဓာကိုယ် များသည် မြေမှုန်များထဲတွင် ပျောက်ကွယ်သွားကြရသည်။ဤကမ္မာပေါ်ရှိ သရဲ တစ္ဆေ များနှင့် နတ်များသည် လူတို့၏စိတ်ကူးထဲက ပုံ သဏ္ဍာန်တစ်ခုမျှသာဖြစ်သည်။

How I Survived Transmigration With My Ghost Hubby(MM Translation)Where stories live. Discover now