အပိုငး(၃၄) တရားရုံးမှာတွေ့မယ်

4.2K 467 4
                                        

အဖွားလု၏ အော်သံနှင့်အတူ လူတိုင်းသည် ကျီယန်၏အိမ်ရှိရာဆီသို့ လှမ်း ကြည့်လိုက်ကြသည်။အဲ့အသံကအနီးအနားက က လယ်လုပ်တဲ့သူတွေနဲ့ လမ်းသွားလမ်းလာတွေကို ဆွဲဆောင်လ်ုက်နိုင်တယ်။လုချန်ကျင်းသည် ကျီယန်၏ပစ္စည်းများကို ဖျတ်ဆီးနေတာကို အနီးအနားက လူများကြားသော်လည်း အဝေးကနေသာ လှမ်းကြည့်နေကြသည်။ကျီယန်သည်လုချန်ကျင်းကို သတိရနေသည် ဟုကြားလိုက်ရသောအခါ သူတို့ လုပ်နေသမျှကို ရပ်တန့်လိုက်ပြီး ကျီယန်တ်ို့ နှစ်ယောက်ဆီသို့ ပြေးသွားကြသည်။

ရွာလူကြီးသည် လူတိုင်းဤလမ်းအတိုင်း လာနေသည်ကို မြင်သောအခါတွင် သူ့မျက်ခွံများက ထိန်းမရအောင် လှုပ်နေခဲ့တယ်။သူ့မျက်နှာဟာ မည်းမှောင်လာပြီး လုချန်ကျင်းကို ရိုက်တာကို ရပ်တန့်ရန် ကျီယန်ကို မပြောမှီ လုချန်ဂန်းနဲ့ လုချန်ကျင်း၏အကြီးဆုံးသားဖြစ်သူကလက်ထဲတွင် ဝါးလုံးများကို ကိုင်ဆောင်ကာ ကျီယန်ဆီသို့ ခုန်ချလိုက်သည်။ ကံကောင်းစွာနဲ့ပဲ ကောကျားကျူနဲ့ သားနှစ်ယောက်က မြန်မြန်ဆန်ဆန် တုန့်ပြန်ပြီး သူတို့ နှစ်ယောက်ကို တားလိုက်နိုင်တယ်။
လုမိသားစုဝင် နှစ်ယောက်ကို တားလိုက်နိုင်သော်လည်း အဖွားလုနှင့် ဂိုဟူးတို့ကို တားရန် မည်သူမျှ မရှိပေ။နှစ်ယောက်သားက ငို​ပြီး ကျီယန်နဲ့ လုချန်းကျင်း ဆီကိုသွားလိုက်ကြတယ်။အခြားတစ်ဖက်တွင်တော့ လန်းရှောင်လန်သည် သူမလက်ထဲတွင် ကိုင်ထားသောနေကြာစေ့များကို စားပြီး ဘေးက ကြည့်နေသူများနှင့်အတူ ရောက် ထိုင်ကြည့်နေခဲ့သည်။
"အမလေး, ငါတို့မိသားစုက ဘာလို့ဒီလိုအမြဲဖြစ်နေရတာလဲ"
'ချန်ကျင်း,ယောကျ်ားရေ, ရှင် ကျွန်မတို့ကို ဒီအတိုင်း ထားခဲ့လို့မရဘူး၊ရှင် သေသွားခဲ့ရင် ကျွန်မတို့လည်း အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး"

သူတို့ငိုသံကြားတော့ ရိုက်နှက်နေတဲ့ ကျီယန်က အမြန်ထရပ်တယ်။သူတို့နှစ်ယောက်က ဘေးကနေ ခုန်ချလိုက်ပီးသူတို့အနားရောက်သွားတော့ ကျီယန်ရဲ့ အဝတ်အစားကို တောင် မထိရဲဘူး။ သူမတ်ို့ နှစ်ဦးသည် လုချန်ကျင်းဘေးတွင် ဒူးထောက်ထိုင်ချလိုက်ပီး လုချန်ကျင်း ၏ ခန္ဓာကိုယ်ကို ကိုင်ပီး လှုပ်ယမ်း ကာ ငိုကြွေးကြသည်။ လုချန်ကျင်း သေသွားပြီဟု တွေးထင်ပြီး မြင်သမျှလူများကလည်း အော်ဟစ်လိုက်ကြသည်။ဒါပေမယ့် လုချန်ကျင်းဟာ အားမ​ရှိတော့​လို့ မလှုပ်နိုင်ပဲ သူမျက်လုံးများကတော့ မှုန်ကုပ်ကုပ် ဖြစ်နေပါတယ်။

How I Survived Transmigration With My Ghost Hubby(MM Translation)Where stories live. Discover now