🍃ဝိဉာဏ်ထံ ပေးစာ🍃
(စာမစစ်ရသေးပါ သီးခံပြီးဖတ်ပေးကြပါ)
ဧကရာဇ် မင်းကြီးကလည်း အမှန်တကယ်ကိုပဲ တော်ဝင်စာကြည့်ဆောင်မှာ ရှိနေခဲ့တာဖြစ်သည်။
ဒါကြောင့် ကျီယန်က နန်းတော်ထဲမှာ မျက်ကန်းတစ်ယောက်လို လိုက်ပြီး ရှာနေစရာ မလိုတော့ဘူး။
သူက အထဲကို အကြောင်းကြားပြီး နောက် ဝင်လိုက်တဲ့အချိန်မှာပဲ ဝန်ကြီးချုပ် ဘိုင်မုရန်ကို ထိုနေရာမှာပဲ တွေ့လိုက်ရတယ်။
ထို့ကြောင့် သူက စောစောပိုင်း အချိန်တုန်းက ဝန်ကြီးချုပ် အိမ်တော်သို့သွားပြီး သူ့ကို ကူညီပေးဖို့အကြောင်း မေးဖို့ သွားမယ့် အတွေးကို ပယ်ဖျတ်မိတာကြောင့် သူ့ကိုယ်သူ ပညာရှိတစ်ယောက်လို့ စိတ်ထဲ သတ်မှတ်လိုက်တယ်။
"ကိုယ်တော် ပြောတယ်မလား သူလွတ်လာတာနဲ့ ပထမဦးဆုံး သွားမယ့်နေရာက နန်းတော်ကို ဝင်ရောက်တာပဲ ဆိုတာ ဟား ဟား"
ကျီယန်က အထဲကို ဝင်လိုက်တာနဲ့ အရိုအသေပေးဖို့ အချိန်တောင်မရှိလိုက်ဘူး ဧကရာဇ်မင်းမြတ် နဲ့ ဘိုင်မုရန်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရယ်မောနေကြသည်။
"သွားမယ်?"
ကျီယန်က အရိုအသေပေးလိုက်ပြီးနောက် ခဏလောက်ရပ်နေခဲ့ပြီး ဧကရာဇ်မင်းမြတ်အား ပဟေဠိ ဖြစ်နေသော မျက်နှာအမူအယာနဲ့ ကြည့်ကာ မေးလိုက်တယ်။
ဧကရာဇ်မင်းမြတ်ကလည်း သူမေးတဲ့ မေးခွန်းကြောင့် ပြန်ပြီး အံ့အားသင့်သွားခဲ့တယ်။ပြီးတော့ တစ်ခုခုတော့ မှားနေ ပြီဖြစ်ကြောင်းကို သူ့စိတ်ထဲ အလိုလို သိလာခဲ့သည်။
"ကျီ အိုက်ချင်း အဲ့ဒီ့ အဓိပ္ပါယ်က ဘာကိုဆိုလိုတာလည်း"
"ဝန်ကြီးကို လွတ်ငြိမ်းခွင့်မပေးခဲ့ဘူး ဒါကြောင့် တစ်လျှောက်လုံး နန်းတော်ထဲကို ပြေးလာခဲ့တာ"
ကျီယန်က ပြောလိုက်သည်။
"ဟမ်"
ဧကရာဇ်မင်းမြတ်နဲ့ ဘိုင်မုရန် တို့ နှစ်ယောက်လုံးက ထိတ်လန့်သွားကြသည်။
"မင်း အခုမှ လွတ်လာတာလား"
ဘိုင်မုရန်ရဲ့ အသံက အံ့အားသင့်မှု့တွေနဲ့ ပြည့်နှက်နေခဲ့တယ်။
YOU ARE READING
How I Survived Transmigration With My Ghost Hubby(MM Translation)
RomanceJi Ran ကစိုက်ပျိုးရေးဘွဲ.ရတစ်ေယာက်ဖြစ်သည် သူမိုးကြိုးပစ်ခံရပီး သေဆူံးသွားပီးနောက် ရှေးခေတ်ကို ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ နောက်တော့ အဲ့မှာ သူဟာယောကျ်ားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။အဆိုးဆုံးကတော့ သူလက်ထပ်လိုက်တဲ့လူက သေဆုံးသွားတဲ့ ဝိညာ ဉ် တခုနဲ့တဲ့လေ ပ...
