ကျောက်မောင်နှမ၏ ကံကြမ္မာကို ခန့်မှန်းနိုင်သော်လည်း ကျီယန်မှာလည်း အိမ်အရေး ကိစ္စများ ရှိနေသောကြောင့် ဇာတ်လမ်းကို အဆုံးအထိစောင့်ကြည့်ရန် ရည်ရွယ်ချက်မရှိပေ။ခရိုင်တရားသူကြီးက မည်ကဲ့သို့ အပြစ်ပေးမည်ဖြစ်စေ ရလာဒ်သည် သူတို့အတွက် ကောင်းမွန်မည် မဟုတ်ပေ။သူကတိပေးထားသည့်အတိုင်း ကျီယန်သည် လုကျန်း၏ အကူအညီဖြင့် တရားသူကြီး ၏ ခြံအနောက်ဘက်သို့ ခိုးဝင်ကာ ပိုင်ရီရီ၏ အရိုးပြာများထည့်ထားသော အိုးကို ပြန်ယူ ကာ ကောင်းချီးခံစားနိုင်ရန်အတွက် ဘုရားကျောင်းသို့ပို့ လိုက်သည်။အဲ့နောက် ကျီယန်နဲ့ လုကျန်းတို့က အဲ့နေ့မှာပင် အိမ်ပြန်ခဲ့ကြပါတယ်။
ကျီယန်သည် အိမ်မှ ရက်အနည်းငယ်အကြာ ဝေးကွာနေခဲ့သော်လည်း ကောကျားကျူမိသားစုနှင့် သူဝယ်လာသော အလုပ်သမားများသည် သခင်မရှိပေမယ့် အိမ်ကို ဝရုန်းသုန်းကား မဖြစ်စေဘဲ ကောင်းသော ဂရုစိုက်ခဲ့သည်။ အထင်ရှားဆုံးအချက်မှာ ကျီယန်သည် ရက်အနဲငယ်အကြာ ပျောက်သွားပေမယ့် ကလေးငယ် အနဲငယ်ပိုကြီးလာကာ သန်မာလာခဲ့သည်။သူ့မျက်နှာသည် အရင်ကထက်ဝိုင်းစက်နေပြီး သူ့မျက်ခုံးတွေက နူးညံ့ပြီး ချစ်စရာကောင်းတယ်။
အန်တီချန်နှင့် အိမ်အကူ နှစ်ယောက်၏ ကျေးဇူးကြောင့် ကလေးသည် အလွန်ကောင်းမွန်စွာ ကြီးထွားလာခဲ့သည်။အထူးသဖြင့် ကလေးအား နေ့ရောညပါ ပြုစုစောင့်ရှောက်ခဲ့သည့် အန်တီချန်ပင်။
အခြားလူတွေလဲ အန်တီချန်လိုပင် တာဝန်ကျေကြသည်။
ကျီယန်၏ အမိန့်မပါပဲ ဦးလေးချန်သည် လီကူးနှင့်ရှောက်ပိုင်ကို အိမ်အနောက်ဘက်မြေကို သူနှင့်အတူပြန်လည်ရှင်းလင်းရန် ခေါ်ဆောင်ကာဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံအချို့ကို စိုက်ပျိုးခဲ့ကြသည်။သူတို့
မထွက်သွားခင်က ရေကန်ထဲတွင် ငါးအနည်းငယ်သာရှိသည်။ဒါပေမယ့် ကျီယန်ပြန်ရောက်လာတော့ ရေကန်ထဲမှာ ကြာပန်းတွေစိုက်ထားတာ တွေ့တယ်။ကြာပန်းများက ညှိုးနွမ်းသွားကြသော်လည်း ရေလှိုင်းလေးများကြားတွင် စိမ်းပြာရောင် အရွက်တွေ မျောနေသည်မှာ အလွန်ဖမ်းစားနိုင်သည်။
YOU ARE READING
How I Survived Transmigration With My Ghost Hubby(MM Translation)
RomanceJi Ran ကစိုက်ပျိုးရေးဘွဲ.ရတစ်ေယာက်ဖြစ်သည် သူမိုးကြိုးပစ်ခံရပီး သေဆူံးသွားပီးနောက် ရှေးခေတ်ကို ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ နောက်တော့ အဲ့မှာ သူဟာယောကျ်ားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။အဆိုးဆုံးကတော့ သူလက်ထပ်လိုက်တဲ့လူက သေဆုံးသွားတဲ့ ဝိညာ ဉ် တခုနဲ့တဲ့လေ ပ...
