လုကျန်းက ဒါကိုကြားတော့ ခဏတာ အံ့အားသင့်သွားပြီ ကျီယန်ကို "ငါ့ဆီက ခွင့်ပြုချက် မလိုပါဘူး"လို့ပြောလိုက်ပြီး ကျီယန်ကို နမ်းလိုက်တယ်။မင်း လုပ်ချင်သလို လုပ်လို့ရတယ်၊ငါတို့နှစ် ေယာက်ကအိမ်ထောင်ကျနေတာဖြစ်လို့ မင်းအဖိုးက ငါ့အဖိုးပဲ၊မင်း အဖိုးကို ဖြည့်ဆည်းပေးတာက မင်းရဲ့တာဝန်သာမက ငါ့တာဝန်လည်းဖြစ်တယ်၊ဒါပေမယ့် အခုငါက သရဲ တစ္ဆေ ဖြစ်နေတော့ မင်း ကို ကူညီပေးလို့ မရဘူး၊တစ်ချိန် က စစ်သူကြီးဖြစ်ခဲ့ဖူးပေမယ့် ခိုကိုးရာတောင် မပေးနိုင်ဘူး၊မင်းမှာအခု ပိုင်ဆိုင်ထားသမျှဟာ ငါမကူညီနိုင်လို့ အပြစ်ရှိတယ်လို့ အမြဲလိုလို ငါခံစားနေရတယ်။ဒါ တင်မကဘူး သူ့ကြောင့်သာမဟုတ် ဒီနေ့ လိုအချိန် မင်းကို လက်ထပ်လို့တောင်ရမှာမဟုတ်ဘူး၊ငါလည်းသူ့အတွက် ပြန်ပေးဆပ်သင့်ပါတယ်"
လုကျန်း၏ အမူအယာမှာ အနဲငယ် ရှုပ်ထွေးနေသော်လည်း ကျီယန်က အဲ့ဒါရဲ့ အဓိပ္ပါယ်ကို နားလည်ပြီး တုန်လှုပ်သွားတယ်။ လုကျန်း၏ စိတ်နှလုံးအကြွင်းမဲ့ လုကျန်းရဲ့ ပံ့ပိုးကူညီပေးမှု့တွေက အများကြီးပဲ၊အဲ့ဒါတောင် အခု လုကျန်းရဲ့ သိမ်ငယ်စိတ်ကြောင့် သူထိတ်လန့်သွားခဲ့တယ်။သူတို့ နှစ်ယောက် အတူတူ တွဲပြီး နေထိုင်လာတာ ကြာပြီဖြစ်သော်လည်း လုကျန်းသည် သရဲ တ စ္ဆေဖြစ်နေသောကြောင့် သိမ်ငယ် စိတ်ရှုပ်ထွေးနေမည်ဟု တစ်ခါမှ သတိထား မတွေးမိခဲ့ပေ။
ဒါက အတော်လေး လှုပ်လှုပ်ရှားရှား စကားလို့ ထင်ရပေမယ့်လည်း ကျီယန်က ထိထိမိမိနဲ့ ကူကယ်ရာ မဲ့သလို ခံစားလိုက်ရတယ်။
"မင်းက အရူးပဲ"ကျီယန်သည် ရုတ်တရက် လုကျန်း၏ လက်ပန်းကျ သူ့လက်မောင်းနဲ့ ရစ်ပတ်လိုက်ပြီး လုကျန်းရဲ့ နှုတ်ခမ်းဆီသို့ ချဥ်းကပ်လာသည်။အိမ်သည် တိုတိုနှင့် ရင်းနှီးသော်လည်း ကျီယန်၏ ချစ်ခင် ရင်းနှီးမှု့ကို သယ်ဆောင်လာခဲ့သည်။"ငါ့ ဟာ ငါ့ဟာ ငါ့ဟာ ၊မင်းရဲ့ ဥစ္စာလည်း ငါ့ဟာ၊ မင်းကို ချီးကျူးဖို့ တောင်းဆိုနေတာလား ချစ်လေး"
အနည်းငယ်ကျယ် လောင်သောအသံသည် လုကျန်းအား မျက်လုံးဖွင့်ကာ အနမ်းကို နက်ရှိုင်းစေရန် သွေးဆောင်ခဲ့သော်လည်း ကျီယန်က သူ့နှုတ်ခမ်းကို လက်နှစ်ချောင်းဖြင့် ဖိထားလိုက်သည်။လုကျန်းက အတားခံလိုက်ရပေမယ့် သူ့မျက်လုံးတွေက ခြောက်သွေ့တဲ့ မျက်ခင်းပြင် ပေါ်မှာ လောင်ကျွမ်းနေတဲ့ မီးတွေလို ပူပြီး လူကို အရည်ပျော်လုမတတ် ဖြစ်သွားစေတယ်။
YOU ARE READING
How I Survived Transmigration With My Ghost Hubby(MM Translation)
RomanceJi Ran ကစိုက်ပျိုးရေးဘွဲ.ရတစ်ေယာက်ဖြစ်သည် သူမိုးကြိုးပစ်ခံရပီး သေဆူံးသွားပီးနောက် ရှေးခေတ်ကို ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ နောက်တော့ အဲ့မှာ သူဟာယောကျ်ားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။အဆိုးဆုံးကတော့ သူလက်ထပ်လိုက်တဲ့လူက သေဆုံးသွားတဲ့ ဝိညာ ဉ် တခုနဲ့တဲ့လေ ပ...
