ကျီယန် ကလဲကျသွားပီးနောက်မှာ ရုတ်တရက် သူ့ခန္ဓာကိုယ်က လှုပ်ရှားလို့မရသေးဘူး။
သူက မြေကြီးပေါ်မှာပဲ ခန ဆက်လှဲနေရသည်။
မြေကြီးဟာအ ရင်ခေတ်ကလို ဘိလပ်မြေ ကြွေပြားတွေ မခင်းထားတဲ့လမ်းဖြစ်နေလို့သာတော်သေးသည်။
မဟုတ်ရင်တော့ သူ့အတွက်က မတွေးရဲစရာပဲ။ဒါတောင် ခုချိန်သူ့ခါးမှာ ဒဏ်ရာ ရှိနေဆဲပဲဖြစ်သသည်။
"သေတာပဲ"
ဒီမှာနေတဲ့လူတွေက ကသူ့ကို မဖော်ရွေတဲအပြင် သူတို့မွေးထားတဲ့ ကြောင်က သူတို့ထက် ပိုဆိုးနေသေးတယ်။
"ဘာလို့ မြေကြီးပေါ်မှာအိပ်နေတာလဲ"
ကျီယန် ကမြေပေါ်က မထရသေးခင် ကောင်းကင်ကို စိုက်ကြည့်နေကာမျှော်လင့်ချက်မဲ့သလိုခံစားနေရချိန်မှာပဲ သူမြင်ကွင်းထဲသို့ မျက်နှာတစ်ခုလုံး ညစ်ပတ်နေကာ နှပ်ချေးတွဲလောင်းနဲ့ကလေး တယောက်ဝင်လာပီး သူ့ ကိုမေးလိုက်တာကို ကြားလိုက်ရသည်။
"ငါမင်းကိုမေးနေတယ်လေ"
ကောင်လေးက ပါးစပ်ထဲဝင်လုမတတ်ဖြစ်နေတဲ့ နှပ်ချေးကို တချက်ရှုံ့သွင်းပီး ကျီယန်ကိုမေးလိုက်သည်။
ဒါပေမယ့်လဲ ပြန်ထွက်လာတာပါပဲ။ကောင်လေးက သူ့လက်ထဲမှာ စားထားလို့ တစ်ဝက်ကုန်နေပီဖြစ်တဲ့ကန်စွန်းဥကို ကိုင်ထားပီး ကျီယန် ကိုပြောလိုက်တယ်။
"မနေ့ညက တစ်ညလုံးမိုးရွာထားတော့ လမ်းတွေ ကရွံ့ ဗွက်တွေ ဖြစ်နေတယ်၊မင်းဘာလို့ လှဲ နေရတာလဲ။"
"အိုး..ငါသိပီ မင်း ကငါ့ဦးလေးရဲ့ဇနီးအသစ်မလား၊ဒါဆို ငါ့အန်တီပေါ့။မင်းက လူကြီးတယောက်ဖြစ်ပီး ဘာလို့ ကလေးတယောက်လို ရွံ့ထဲမှာ လှဲရေတာလဲ မင်းမရှက်ဘူးလား။အန်တီ မင်းက အရမ်း ညစ်ပတ်တာပဲ"
ကောင်လေးက
"ရှက်ဖို့ကောင်းလိုက်တာ"
လို့ ပြောပြီး ကျီယန် ကို လက် ခါပြက ပြေးထွက်သွားဖို့လုပ်လိုက်သည်။
ဒါပေမယ့်.ကျီယန် က သူ့ကိုကယ်တင်လိုက်တဲ့ အသက်ရှိနေတဲ့ ကောင်လေးကို သူသိချင်တာတွေ မမေးရသးပဲ ဘယ်လွှတ်ပေးမလဲ။
YOU ARE READING
How I Survived Transmigration With My Ghost Hubby(MM Translation)
RomanceJi Ran ကစိုက်ပျိုးရေးဘွဲ.ရတစ်ေယာက်ဖြစ်သည် သူမိုးကြိုးပစ်ခံရပီး သေဆူံးသွားပီးနောက် ရှေးခေတ်ကို ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ နောက်တော့ အဲ့မှာ သူဟာယောကျ်ားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။အဆိုးဆုံးကတော့ သူလက်ထပ်လိုက်တဲ့လူက သေဆုံးသွားတဲ့ ဝိညာ ဉ် တခုနဲ့တဲ့လေ ပ...
