အပိုင်း(၈၂)မင်းသမီးယွမ်နင်း ၁

2.5K 262 8
                                        

မင်းသမီး ယွမ်နင်းက အဲ့လို ပြောလိုက်တော့ ကျီယန်က ဒီထက်ပိုပြီး လှည့်ပတ်နေမယ်ဆိုရင် ဧကရာဇ်ကို စော်ကားမိတယ်ဆိုပြီး ဖြစ်လာတော့မှာ ကျီယန်သိလိုက်သည်။သူ့ဘေးနားက လုကျန်းကို မသိမသာ ငဲ့ကြည့်ရုံမှ တစ်ပါး ကျီယန် ဘာလုပ်ရမယ်မှန်းမသိတော့ပေ။

သူတို့ လင် လင်နှစ်ယောက်က ဘာမှ မပြောသေးဘဲ အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။လုကျန်းက ကျီယန်ကြည့်တဲ့ဘအဓိပ္ပါယ်ကို နားလည်းပြီး ခေါင်းညိမ့်ပြလိုက်ကာ ဦးစွာ လွင့်မျောသွားခဲ့တယ်။

လုကျန်းက သွားစီစဥ်တာကို သိလိုက်တာနဲ့ ကျီယန်က မင်းသမီးကို အချိန်အနဲငယ် အချိန်ဆွဲထားရန် လိုတာကြောင့် မင်းသမီးယွမ်နင်းကို ပြောလိုက်တယ်"အရှင်မင်းသမီး ကျွန်တော်တို့အိမ်ရဲ့ ညစ်ပတ်ရှုပ်ထွေးနေတဲ့ အခြေအနေကို စိတ်ထဲမထားဘူးဆိုရင်တော့ ကျွန့်နောက် ဒီလမ်းအတိုင်း လိုက်ခဲ့ပါ "

မင်းသမီး ယွမ်နင်းသည် ဤတစ်ကြိမ်တွင် ခေါင်းမညိမ့်ပြတော့ပေ။သူမက လှည့်ပြီး ဧည့်ခန်းထဲက ထွက်သွားတော့သည်။ဧည့်ခန်းထဲက ထွက်လာပြီးနောက် ကျီယန်သည်သူမ နောက်သို့လိုက်မလာဘဲ မူလနေရာ၌ပင် ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် သူမက လမ်းပေါ်မှာပဲရပ်ကာ ကျီယန်ကို မျက်မှောင်ကြုတ်ပြီး လှမ်းကြည့် လိုက်တယ်။

"လမ်းပြပါ"

မင်းသမီးရဲ့ အသံကို ကြားတော့ ကျီယန်က အံ့သြသွားပေမယ့် ပြုံးပြလိူက်ပြီး အနောက်ကနေ လိုက်သွားလိုက်တယ်။ ကျီယန်သည် လှည့်စားခြင်း ဟုတ်မဟုတ်မသိသော်လည်း မင်းသမီးယွမ်နင်း၏ ယခုလို မောက်မာနေမှု့သည် တိုင်းသူပြည်သားတွေအပေါ် မထီမဲ့မြင် ပြုတတ်သော သဘောထားလို မဟုတ်ဘဲ သူ့အပေည်ကိုသာ သူနားမလည်သော ရန်ညှိုးဖွဲ့ထားမှု့များရှိသည်ဟုသာ အချိန်တိုင်းလိုလို ခံစားနေရသည်။

ကျီယန်က စိတ်ရှုပ်နေပေမယ့် မမေးရဲခဲ့ဘူ။

ဧည့်ခန်းထဲက ထွက်လာတဲ့အချိန်မှာပဲ ဦးလေးချန် လာနေသည်ကို ကျီယန်က တွေ့လိုက်ရတာကြောင့် ကျီယန်က သူ့ရှေ့က လမ်းလျှောက်နေတဲ့ မင်းသမီး ယွမ်နင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ဦးလေးချန်ကို လှမ်းခေါ်ဖို့အတွက် အရှေ့ကို့ ခြေနှစ်လမ်း လောက် မြန်မြန်တ်ိုးသွားလိုက်တယ်။

How I Survived Transmigration With My Ghost Hubby(MM Translation)Where stories live. Discover now