အပိုင်း(၁၁၅) ဧကရာဇ်နှင့် ညှိနှိုးခြင်း

2.4K 253 10
                                        

လုကျန်းက အခြေအနေကို စေ့စေ့စပ်စပ် မြင်နိုင်သော်လည်း ဧကရာဇ်က အမိန့်ကို ထုတ်ပြန်လိုက်ပြီ ဖြစ်သောကြောင့် သူဘာမှ မတတ်နိုင်ပေ။

ကျီယန် အမိန့်စာကို လက်ခံတဲ့ အချိန်တုန်းက လုကျန်းက ဘာစကား တစ်ခွန်းမှ မပြောပဲ အဲ့ဒီညမှာပဲ ကျီယန်ကို နှစ်သိမ့်ပေးဖို့အတွက် နှစ်ယောက်သား ရင်းနှီးစွာနဲ့  ကျီယန်ကို ပျော်ရွှင်မှု့ပေးခဲ့တယ်။

လုကျန်းသည် သူ့ကိုယ်တိုင် ထို အပိုင်း ၌ လိုအပ်ချက်များကို ဂရုစိုက်သည် မဟုတ်သော်လည်း လမ်းညွှန်မှု့နှင့် နှစ်သိမ့်မှု စကားများသည် ကျီယန်အတွက် ယခုအချိန်တွင် အဓိပ္ပါယ်မဲ့နေမည်ကို သူသိသည်။

အသုံးမဝင်သော စကားများနှင့် နှိုင်းယှဥ်ပါက ကျီယန်သည် သူကို​ယ်​တိုင် အပျော်အပါးကို လုပ်ကာ လက်ရှိအခြေအနေကို ခဏ မေ့ထားခြင်းက သူ့အတွက်ပို ကောင်းပါသည်။

လုကျန်း၏ အကြံအစည် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ကျီယန်သည် ညဘက်တွင် ပျော်ရွှင် နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး နောက်တွင် သူ၏ စိတ်ဓါတ်ကျနေမှု့ နှင့် စိတ်တို ဒေါသထွက်နေ ခြင်းတို့သည် နောက်တစ်နေ့ အိပ်ယာက နိုးလာသောအခါတွင် အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့သည်။

လုကျန်းသည် ကျီယန်၏ ပျော်ရွှင် တတ်ကြွနေသော အသွင်အပြင်ကိုသာ မြင်ချင်ပြီး ကျီယန် စိတ်ဓါတ်ကျနေခြင်းကို မြင်လိုက်ရချိန်၌ သူ့အတွက် အလွန်ပင် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။

တတ်ကြွနေသော ကျီယန်ကို တစ်ဖန်ပြန်လည် မြင်လိုက်ရသော အခါတွင်လုကျန်းသည် ကျီယန်၏ ပါးကို အကြိမ်ပေါင်းများစွာ နမ်းရုံမှ တစ်ပါး သူဘာမှ မတတ်နိုင်တော့ဘူး။

'ဟင်း.."

"အဲ့ဒီက ရလဒ်ကို ငါသိလိုက်ရပြီ၊ ငါတော်ဝင်မိသားစုနဲ့ စီးပွားရေး မလုပ်ချင်တော့ဘူး၊အမှန်တရား က မင်းပြောသလိုပဲ ၊ ပုံမှန်ဆိုရင်တောင် တော်ဝင် မိသားစုနဲ့ စီးပွားရေး မလုပ်ချင်တော့ဘူး..

လုရွာ တစ်ဝိုက်က ကုန်သည်တွေနဲ့တင် ကျွန်တော်တို့က ချမ်းသာပြီး သက်တောင့်သက်သာ ဘဝကို ဖြတ်သန်းနိုင်ပါတယ် ၊လောဘက အမြဲတမ်း ငါ့ရဲ့ အကြီးမားဆုံး ရန်သူပဲ ၊အဲ့ဒါက ငါ့အတွက် ပိုကောင်းတဲ့ အသိတစ်ခုကို ရရှိစေနိုင်တယ်"

How I Survived Transmigration With My Ghost Hubby(MM Translation)Where stories live. Discover now