မြို့မှာ တစ်ခုထဲသော အဆင့်မြင့်စားသောက်ဆိုင်မှာ ချန်ဒန်း စားသောက်ဆိုင်ပင်ဖြစ်သည်။တိုက်ဆိုင်စွာပင် ၄င်း၏ ပထမဦးဆုံးမှိုတောင်းကို ဤစားသောက်ဆိုင်တွင် ရောင်းချခဲ့ပြီးသည့်နောက် ယခုအခါတွက် ချန်းသည် ကျီယန်၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက်ဖြစ်လာခဲ့သည်။စားသောက်ဆိုင်ပိုင်ရှင်နဲ့ အလုပ်သမား နှစ်ယောက်လုံးသည် ကျီယန်နှင့် အလွန်ရင်းနှီးကြသည်။ကျီယန်နှင့် လီကူ စားသောက်ဆိုင်ထဲသို့ ဝင်သွားသောအခါတွင် စားသောက်ဆိုင်ပိုင်ရှင်သည် သူ့လက်ထဲက ပေသီးကို ချကာ ကျီယန်ကို ပြုံးပြီး နှုတ်ဆက်လာခဲ့သည်။
"ဒီမနက်မှာ ငှက်ကလေးတွေဘာလို့ တေးဆိုနေကြတာလဲ ဆိုပြီးတွေးနေတာ အရာရှိ ကျီ က ငါတို့ စားသောက်ဆိုင်ကို လာနေတာကြောင့်ကို ။ကျေးဇူးပြုပြီး ဝင်ထိုင်လိုက်ကြပါ၊ဝိုင်ကောင်းကောင်းလေးနဲ့ အရသာရှိတဲ့ ဟင်းပွဲတွေ နဲ့ မကြာခင်ဧည့်ခံပါ့မယ်"
စားသောက်ဆိုင် ပိုင်ရှင်က ကျီယန်ကို သူ့ရဲ့ လာဘ်ကောင်လေးလ်ို့ အမြဲပြောတယ်။အမှန်တော့ ကျီယန်က ဆောင်းရာသီ တစ်တွင်းလုံး လတ်ဆက်တဲ့ ဟင်းသီး ဟင်းရွက်များကို သူ့ဆိုင်အား ပေးသွင်းပြီးတဲ့နောက်ပိုင်းမှာ ချန်ဒန်းစားသောက်ဆိုင်မှာ ဖောက်သည်များ ပိုများလာခဲ့သည်။
ကျီယန်၏ ပါးစပ်ထောင့်များတွန့်သွားခဲ့သည်။စားသောက်ဆိုင်ပိုင်ရှင်ကို"လူကြီးမင်း ဟောင် ငါ့ကို အရာရှိ ကျီလို့မခေါ်ပါနဲ့ ငါ့နာမည်ကို ကျီယန်လို့ ခေါ်လည်း အဆင်ပြေပါတယ်။နင်က ငါ့ကို အဲ့လိုခေါ်တာကို ကြားသည် အဆင်မပြေသလို ခံစားရတယ်၊ကျွန်တော်က လယ်သမားတစ်ယောက်ပါ၊ အရာရှိ မဟုတ်ပါဘူး"
စားသောက်ဆိုင်ပိုင်ရှင်သည် ကျီယန်၏ စကားများကို လက်ခံမည် မဟုတ်ပေ။သူသည် ဘာမှမပြောပဲ ကျီယန်တို့ နှစ်ယောက်ကို အပေါ်ထပ် သီးသန့်ခန်းဆီသို့ စိတ်အားထက်သန်စွာ ခေါ်သွားခဲ့သည်။
ကျီယန်သည် ရှေးခေတ်လူများကဒီလို ဘွဲ့အမည်များကို သန်မာအားကောင်းသော လူများကို ခေါ်ကြတာကို သိသောကြောင့် ဘွဲ့အမည်နဲ့ဘပတ်သက်ပြီး ထပ်ပြီး စကားမပြောချင်တော့ပေ။စားသောက်ဆိုင် ပိုင်ရှင်က သူ့ကို ခေါ်ချင်သလိုခေါ် နားထောင်လိုက်ရုံပါပဲ၊"လူကြီးမင်းကျီ ၊အစ်ကိုကျီ ၊ဆရာကျီ ဘာလဲဖြစ်ဖြစ် အဲ့လို ခေါ်တာတွေကို သူဂရုမစိုက်ဘူး ။သို့သော်လည်းသူသည် အရာရှိမဟုတ်ပါပဲ အရာရှိဟူသော ဂုဏ်ပုဒ်တွင် သာ ရပ်တည်နိုင်ခဲ့သည်။ရှေးခေတ်တွင် အမည်များနှင့် ဘွဲ့များကို စည်းကမ်းတင်းကျပ်မှု့ သိပ်မရှိသောကြောင့် ၄င်းတို့သည် မည့်သည့်အရာကိုမဆို နှစ်သက်သလို ခေါ်နိုင်သောကြောင့် ကျီယန်က အနဲငယ် နှု တ်ဆိတ်နေလိုက်သည်။
YOU ARE READING
How I Survived Transmigration With My Ghost Hubby(MM Translation)
RomanceJi Ran ကစိုက်ပျိုးရေးဘွဲ.ရတစ်ေယာက်ဖြစ်သည် သူမိုးကြိုးပစ်ခံရပီး သေဆူံးသွားပီးနောက် ရှေးခေတ်ကို ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ နောက်တော့ အဲ့မှာ သူဟာယောကျ်ားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။အဆိုးဆုံးကတော့ သူလက်ထပ်လိုက်တဲ့လူက သေဆုံးသွားတဲ့ ဝိညာ ဉ် တခုနဲ့တဲ့လေ ပ...
