အပိုင်း(၄)သူတွေ့လိုက်တဲ့ ပထမဦးဆုံး အသက်ရှိသူ

10.1K 1K 7
                                        

ထိုအမျိုးသမီးက သူနဲ့ ရန်ဖြစ်ရန်ကြိုးစားနေ မှန်း ကျီယန်သိသော်လဲ ခုချိန်မှာ သူ့မအသံက သူ့ကိုကယ် တင်လိုက်သလို ခံစားနေရသည်။

ခုချိန် သူမ ဘာဖြစ်ချင်နေတယ်ကို ငါဂရုမစိုက်နိုင်ဘူး။

နောက်ဆုံးတော့ ငါအသက်ရှင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပီ။

ကျီယန် က သူ့မျက်နှာပေါ်မှာ အပြုံးတခုကို ချိတ်ဆွဲပီး သူ့မဆီလျှောက်သွားကာ

"ဟေး.မင်းနာမည် ဘယ်လိုခေါ်လဲ"

ရှင်းရှင်းပြောရရင် ကျီယန် က သူမရဲ့ဒေါသစကားကို ခုလိုပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်တုံ့ပြန်လိမ့် မယ်လို့မထင်ထားခဲ့.  တာကြောင့် ရုတ်တရက်သူမက အံ့အားသင့်သွားခဲ့သည်။

ကျီယန် က သူမကိုမေးလိုက်တယ်၊

"ကျွန်တော် လက်ထပ်ထားတဲ့အမျိုးသားကို သူသေဆုံးပီးတဲ့နောက်မှာ မြင်းတပ်ရဲ့ စစ်သူကြီးအဖြစ် ခန့်အပ်တယ်လို့ အမိန့်ထုတ်ပြန်လိုက်ခဲ့တာကို သိခဲ့ရတယ်။"

အမှန်တော့ ကျီယန် ေပြာချင်တာက အဲ့လူက စစ်သူကြီးဖြစ်ပီး ဘာကြောင့် အိမ်ကောင်းကောင်းတစ်လုံး မဆောက်တာလဲ ပြီးတော့ ဒီလိုဝေးလံခေါင်သီတဲ နေရာမှာ ဘာေကြာင့်သက်ကယ်အိမ်လေးတွေဆောက်ပီးနေကြတာလဲ။

သူမမမေးခင်မှာပဲ အဲ့အမျိုးသမီးက သူ့ကို မျက်စောင်းထိုးပီးပြောလာခဲ့သည်။

"အိုး.."

လာလေ၊သူမကသူ့ကိုခေါ်လိုက်တယ်၊ပြီးတော့ သူကိုဆက်ပြောတယ်

"အဲ့ဒါက ရာထူးအမည်ခံ ဘွဲ့တစ်ခုပဲလေ၊ နင့်ကိုယ်နင် စစ်သူကြီးရဲ့ဇနီးလို့ထင်နေတာလား။စစ်မြေပြင်မှာ ဧကရာဇ်ဆီကို ဦးတည်လာတဲ့ဓါးကိုသူကကြားကနေဝင်ခံလိုက်တာလေ။"

"အဲ့အချိန်မှာသာ သူဘာမှမဖြစ်ပဲ မသေဆုံးခဲ့ရင်တော့ ခုချိန်မှာ အရမ်းကိုကံကောင်းနေပြီပေါ့၊ ဒါဆိုရင်တော့ သေချာပါတယ် နင်တို့နှစ်ယောက်ရဲ့ ဒီမဂ်လာပွဲကလဲ ဖြစ်လာမှာမဟုတ်ဘူး ။ သူမှာ ကြီးမားတဲ့ဂုဏ်ထူး တစ်ခုရခဲ့ပေမယ့်လည်း အဲ့ဒါ သူ့အတွက်အသုံးမဝင်တော့ဘူး"

How I Survived Transmigration With My Ghost Hubby(MM Translation)Where stories live. Discover now