အပိုင်း(၈၈)အဝတ်အစား အသစ်များဝယ်ရန်

2.6K 259 8
                                        

ပြက္ခဒိန်၏ ဆယ့်နှစ်လမြောက်လ၏အဆုံးတွင် ပိုအေးလာပြီး နွေဦးပွဲတော်လည်း နီးလာပြီဖြစ်သည်။

ဆောင်းရာသီ တစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်ခဲ့သောလုရွာသည် လှုပ်ရှားမှု့များနှင့် တစ်ဖန်ပြန်လည် စည်ကားလာခဲ့သည်။

နှင်းများအရည်ပျော်ကျလာသည်နှင်အမျှ အရာအားလုံးကလည်း ပြန်လည်ရှင်သန်လာခဲ့သည်။ရာသီဥတုက အလွန်အေးခဲ နေသေးသော်လည်း နွေဦးပွဲတော်အတွက် ပြင်ဆင်ရန် လူများ၏ စိတ်အားထက်သန်မှု့မှာ မထင်မှတ်ပဲ မြင့်မားနေခဲ့သည်။ဆန္ဒ​ယား ပြက္ခဒိန်၏ ဆယ့်နှစ်လပိုင်း အစတွင် စတင်ပြင်ဆင်သူအချို့နှင့် နှိုင်းယှဥ်ပါက အမှန်တကယ်ပြင်ဆင်သောအချိန်သည် နွေဦးပွဲတော်မတိုက်မီ ရက်အနဲငယ်အလို သာဖြစ်သည်။

ကျီယန်နဲ့ သူ့မိသားစု အလုပ်သမားတွေကလည်း ကြိုတင်ပြင်ဆင်မှု့တွေနဲ့ အလုပ်ရှုပ်နေပါတယ်။လက်ဆောင်များနှင့်မီးပုံး ချိတ်များပြင်ဆင်ကြသည်။အပျော်ဆုံးကတော့ ကလေးလေး ကျီပိုင်အန်းပါ၊အထူးသဖြင့် ဒီကောင်လေးက အနီရောင်ကို ကြိုက်တယ်၊အနီရောင် ပိုးသားစတွေနဲ့ မီးအိမ်နီတွေနဲ့ပြည့်နေတဲ့ အိမ်ကြီးကို မြင်လိုက်ရတော့ သူ့ရဲ့ပျော်ရွှင်စွာ ရယ်မောသံကို မတားနိုင်တော့ဘူး။

အလုပ်များနေချိန် အားလပ်ချိန်လေး နဲနဲရတာနဲ့ လူတိုင်း က ကလေးလေးကို စနောက်ကစားချင်ကြပါတယ်။

ကျီယန်က လယ်ကွင်းထဲတွေမှာ အလုပ်တွေ အရမ်းရှုပ်နေပြီး ကလေးလေးနဲ့ စနောက် ကစားဖို့ အချိန်မရှိပေမယ့်လည်း ကျီယန်လည်း အားတဲ့အချိန်လေးမှာ သူတို့နဲ့အလားတူပါပဲ။အခုသူ့မှာ အားလပ်ချိန်ရှိတော့ သူ့မွေးစားသားကို မရပ်မနားပဲ ပွေ့ချီထားပါတော့တယ်။

ဦးလေးချန်နဲ့ သူ့အပေါင်းအပါတွေကအိမ်ရဲ့လိုအပ်တဲ့ ဝေယျာဝိစ္စတွေ လုပ်နေကြတာမို့ ကျီယန်က လွတ်လပ်နေပါတယ်။ဒါပေမယ့် ကျီယန်က သူ့အားလပ်ချိန်တွေကို ဒီအတိုင်း မဖြုန်းတီးပစ်ချင်ဘူး။ပျော်ရွှင်နေပြီး ချစ်စရာကောင်းတဲ့ သူ့မွေးစားသား​လေးရဲ့ အဝတ်အစားတွေက မလှဘူး သနားစရာ ကောင်းတယ်လို့ထင်ပြီး စိတ်တိုတိုနဲ့ ကလေးကို အဝတ်အစားသစ် ဝယ်ပေးဖ်ို့ မြို့ကို ချပ်ချင်းခေါ်သွားတော့တယ်။

How I Survived Transmigration With My Ghost Hubby(MM Translation)Where stories live. Discover now