ယခု ကျီယန်နေထိုင်တဲ့ရွာကို လုရွာဟုခေါ်သည်။ရွာသူရွာသားအားလုံးနီးပါးက လုလို့ အမည်ပြောင်းပြီး လုကလွဲရင် အခြားမျိုးရိုးအမည် က ရှားတယ်လို့ဆိုပါတယ်။နောက်ပ်ိုင်းတွင် သဘာဝဘေးဒဏ် ၂ရပ်ဖြစ် ဖြစ်ပွားခဲ့ပြီး ရွာမှ လူအချို့ ထွက်သွားခဲ့ကြသည်။အခြားရွာမှ လူတွေကလည်း ဒီမှာ လာပြီးအခြေချတယ်။ဒါကြောင့် အခု ဒီရွာက လူတွေက မျိုးရိုးအမည် အမျိုးမျိုးရှိကြတယ်။
ကျီယန်သည် လုကျန်းထံမှအဲ့ဒီ့အကြောင်းကို နားထောင်ခဲ့ရသည်။ကျီယန်သည် ဤနေရာက်ို ရောက်တာ ရက်အနဲငယ်သာရှိေသးပြီး သူ့ကိုယ်ပိုင်လုပ်ငန်းကို စဥ်းစားရင်း အလုပ်များနေသောကြောင့် လုမိသားစုက လွဲ၍အခြားမည်သူ့ကိုမှ ရာတွင် မသ်ိရှိခဲ့ပေ။သဘာဝ အတိုင်းပင် မည်သူမျှသူ့ဆီလာပီး ဤကဲ့သို့သောကိစ္စများကို သူနဲ့ စကားပြောမည်မဟုတ်ပေ။ထို့အပြင် သူသည် ယောကျ်ားတစ်ယောက်ဖြစ်သောကြောင့်၊ထိုမိန်းမများအတင်းအဖျင်းပြောသောအခါ သူနဲ့မပေါင်းန်ိုင်ပေ။
ထို့ကြောင့် ကျီယန်သည် ရွာသားများနှင့် ထိတွေ့ဆက်ဆံမှု့မရှိသလောက်ဖြစ်နေပြီဟု ပြောနိုင်သည်။မလိုအပ်ရင် သူတို့နဲ့စကားတစ်ခွန်းတောင်မပြောဖြစ်ဘူး၊သူသည် လုမိသားစုတွင်ယောကျ်ားမယားအဖြစ် လက်ထပ်ခဲ့ခြင်းမှလွဲ၍ရွာသားများ သူ့အကြောင်းကို လုံးဝမသိသောကြောင့် သူ့ကို အတင်းအဖျင်းပြောစေမည့် အခြားအရာမရှိပါ။
ဒါပေမယ့် ဒီနေ့မှာတော့ ကျီယန်က တစ်ခုခု မှားနေပီလို့ ခံစားလိုက်ရတယ်။
သူသည် ထိလွယ်ရှလွယ်မဟုတ်သော်လည်း ရွာသားများက သူ့ကို မြင်သောအခါ သူတို့ရဲ့ တုန့်ပြန်မှု့က သိသာလှသည်။နှုတ်ခမ်းကို မဲ့ပြီး တံတွေးထွေးကြတယ်။ကျီယန် လာတာတွေ့ရင် သူ့တို့မျက်နှာတွေက တံတွေး ထွေးကြတာကို အရမ်းသဘောကျနေတယ်လို့ ခံစားရတယ်။
ပထမတော့ ကျီယန်က ဒါကို အလေးအနက်မထားပေမယ့် လူတိုင်းကသူ့ကို အဲ့လိုကြည့်တဲ့အခါမှာတော့ ကျီယန်က ဒါကို လျစ်လျူရှု့မထားနိုင်တော့ဘူး။
ကျီယန်သည် တော်တော် ထူးဆန်းသည်ဟု တွေးမိသည်။အကယ်၍သူသည် မုဆိုးမ ယောကျ်ားဖြစ်သည်ဆိုပါက လွန်ခဲ့သည့် ရက်အတော်ကြာက လက်ထပ်ပွဲကျင်းပခဲ့သည့် အတွက် သတင်းမဟုတ်တော့ပေ။နောက်ပြီး သူတို့မိသားစုက အဲ့ကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြီး အဆင်မပြေကြဘူး၊အခု ဘာကြောင့် ဒီလောက်ပြင်းပြင်းထန်ထန် လုပ်နေကြတာလဲ။ထို့ကြောင့် ကျီယန်သည် သူ့ပင်ကိုယ် အသိစိတ်အရ မုဆိုးမ ယောကျ်ားအဖြစ်နဲ့ ဘာမှမဆိုင်ကြောင်းတွေ့လိုက်ရသောအခါ ထိုကဲ့သို့ပြုမူရခြင်း၏အကြောင်းအရင်းကို သိချင်ခဲ့သည်၊ဒါပေမယ့် လူတိုင်း သူ့ကို မုန်းတီးသွားအောင် သူဘာလုပ်ခဲ့မိလို့လဲ။သူလည်း ခုထိ ဘာမှနားမလည်သေးဘူး။
YOU ARE READING
How I Survived Transmigration With My Ghost Hubby(MM Translation)
RomanceJi Ran ကစိုက်ပျိုးရေးဘွဲ.ရတစ်ေယာက်ဖြစ်သည် သူမိုးကြိုးပစ်ခံရပီး သေဆူံးသွားပီးနောက် ရှေးခေတ်ကို ဝိညာဥ်ကူးပြောင်းသွားခဲ့သည်။ နောက်တော့ အဲ့မှာ သူဟာယောကျ်ားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။အဆိုးဆုံးကတော့ သူလက်ထပ်လိုက်တဲ့လူက သေဆုံးသွားတဲ့ ဝိညာ ဉ် တခုနဲ့တဲ့လေ ပ...
