အပိုင်း(၇၃) Catfight ၂

2.5K 285 3
                                        

လုကျန်းက ထပ်ပြီး ဆူပွတ်နေတဲ့ ရေနွေးတွေကို ထပ်လောင်းထည့်လိုက်တယ်။ဒီတစ်ခါတော့ ကျီယန်က အပူ​ဒဏ် ခံရမှာကို ကြောက်ပြီး "ဒီတစ်ခါ မင်းကို မလိုအပ်ဘူး ငါကိုယ်တိုင်လုပ်မယ်"

လုကျန်းက ကျီယန်ရဲ့ ဆန္ဒထုတ်ဖော်မှု့ကို ပယ်ချခဲ့တယ်။သူက ကျီယန်ရဲ့ဖိနပ်ကို ချွတ်လိုက်ပြီး ကျီယန်ရဲ့ ခြေထောက်တွေကို ဆွဲယူကာ ရေနွေးအင်တုံထဲသို့ နှစ်ထည့်လိုက်တယ်။

ဒီတစ်ခါတော့ ကျီယန်က သူပဆင်သင့်ဖြစ်နေပြီမို့ အကျယ်ကြီးမအော်တော့ဘဲ တုန်တုန်ယင်ယင်နဲ့ တိုးတိုးလေးသာ အော်နေရုံမှ တစ်ပါး မတတ်နိုင်ပေ။ သို့သော် ရေ၏အပူချိန်ကို ထိန်းညှိပြီး အာရုံကြောများကို ဖြေလျော့လိုက်သည်နှင့် သူ့ရှေ့ ခြေရင်းနားတွင် ထိုင်နေသော လုကျန်းကို ကြည့်ကာ သူ့ခင်ပွန်းကို မလှောင်ပြောင် မစနောက်ဘဲ မနေနိုင်တော့ပေ။

ကျီယန်သည် လုကျန်း၏ လက်ချောင်းများကို သူ့ခြေထောက်များဖြင့် ပွတ်တိုက်လိုက်ပြီး စကားတစ်ခွန်းမှ မပြောပဲ ဖြားယောင်းသော အကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။

သာမာန်နေ့တွေမှာဆိုရင် ဒါဟာ အပျော်အပါးဘက်ကို ဦးတည်သွားမှာ ဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ လုကျန်းက အခုလုပ် နေတဲ့ အလုပ်ကို အလွန် အလေးအနက်ထားတယ်။

"ရပ်လိုက်" လုကျန်းက အသံကျယ်ကျယ်နဲ့"မင်း ခြေထောက်ကို အရင်ရေနွေးစိမ်တာ ပြီးအောင်လုပ်"

ကျီ​ယန်​က ရယ်မောလိုက်ပြီး လုကျန်းရဲ့ လက်ချောင်းတွေကို လွှတ်လိုက်ပေမယ့် လုကျန်းကတော့ သူ့ခြေထောက်တွေကို ဆုပ်ကိုင်ထားဆဲပါ။

"မင်းက ငါ့ကို လှည့်စားတာကို ကြိုက်တာလား"လုကျန်းက အံကြိတ်သံနဲ့ပြောလိုက်တယ်။ထို့နောက် ကျီယန်ကို တုံ့ပြန်ချိန်မပေးဘဲ ထရပ်လိုက်ပြီး ကျီယန်ကိုပုခုံးပေါ်တင်ကာ ခြေလှမ်းအနဲငယ်လှမ်းပြီး ကျီယန်ကို ကုတင်ပေါ်သို့ လှဲကာဖိချလိုက်တယ်။

"အင်း ငါမင်းက်ို စနေတာပါ"ကျီယန်က အပြင်ကို ထွက်ပြေးချင်ပေမယ့်လည်း သူ့ခန္ဓာကိုယ်ကို လှည့်လိုက်တော့ လုကျန်းက သူ့ကို စောင့်နဲ့ပတ်ကာ ခုပ်ထားလိုက်ပြီး သူ့အပေါ် မှောက်လျက်လှဲချလိုက်တယ်။ကျီယန်က အထိတ်တလန့် ကျယ်လောင်သောအသံနဲ့ "အားကျန်း ငါက မင်းကို နောက်နေတာပါ၊အခု ငါတို့အိမ်မှာ ဧည့်သည်တွေရှိတယ်လေ၊အေးအေးဆေးဆေးနေ၊ အခု ရပ်လို့လိုက် ရမလား"

How I Survived Transmigration With My Ghost Hubby(MM Translation)Where stories live. Discover now